ဗေဒင်ဆရာတစ်ဦး လို့ပြောလိုက်လျှင် လူအများစု၏မျက်လုံးများသည် အဓိပ္ပါယ်ပေါင်းများစွာဖြင့် ကြည့်လာတတ်ကြပါသည်။ ပျက်ရယ်ပြုခြင်း၊ လေးစားခြင်း၊ အားကိုးခြင်း၊ အစရှိသည်ဖြင့် ကြည့်ကြပါသည်။ အများစုမှာ ပျက်ရယ်ပြုခြင်းကပိုများနေတတ်ပါသည်။ ဘာကြောင့်လဲ ဟုဆန်းစစ်သင့်သည်။ အဓိက ပြဿနာက စာရွက်ပေါ်၌ရေးသားထားသော စာလုံးများသာရှိပြီး စစ်မှန်သည့်အထောက်အထားပြရန်ခက်ခဲမှုရှိနေလို့ပါ။ အနာဂါတ်ကို ဟောပြောနေခြင်းကလည်း ယုံကြည်ရန် ခက်ခဲနေခြင်းလည်းဖြစ်ပါသည်။ ထိုအပြင် ပြောသူနှင့် နားထောင်သူတို့ကြား နားလည်မှုလွဲလျှင် မှားသည်ဟုယူဆကြပါတယ်။
When you say an astrologer, most people's eyes tend to look with many meanings. making fun of respect reliance and so on. In most cases, it is more likely to make fun. You should examine why. The main problem is that there are only letters written on paper and it is difficult to prove authenticity. Telling the future is also difficult to believe. In addition, if there is a misunderstanding between the speaker and the listener, it is considered wrong.
ဥပမာတစ်ခုနဲ့ပြောပြပါမယ်။ ဟောပြောသူက "နောက်လမှာ ငွေဝင်လိမ့်မယ်" ပြောလိုက်သည်ဆိုပါစို့။ ဝင်တဲ့ငွေကနည်းနေပြီး မသိသာလျှင် ငွေဝင်သည်ဟု မယူဆတတ်တာကြောင့် ဗေဒင်ဆရာမှားသည် ဟုပြောကြမည်။ ဘာကြောင့်လဲ။ လူအများစုက လောဘနှင့်ရှင်သန်ရသောကြောင့်ပါ။ ဒါတွေက နှစ်ဦးလုံးအပြစ်ဟုပြောမရနိုင်ပါ။ ထိုကဲ့သို့သော အကြောင်းအရားများလာသည့်အတွက် ဗေဒင်ဆရာတွေကိုပျက်ရယ်ပြုစရာဖြစ်လာခြင်းပါ။ အားလုံးသောဆရာတွေက မှန်နေမလား ကတော့မဖြစ်နိုင်ပါ။ မှားနိုင်ပါတယ်။ ထိုသို့မှားနေသော ဆရာများကြောင့် လည်း ပျက်ရယ်ပြုစရာပိုဖြစ်ပါတယ်။ ဒါပေမဲ့ ဗေဒင်ဆရာ အားလုံးဟာ အကြောင်းအမျိုးမျိုးကြောင့် ဗေဒင်ဟောပြောနေကြရတာပါ။ ဝမ်းရေးအတွက်၊ ဝါသနာအရ၊ လူအများရဲ့ ဒုက္ခတွေကိုတတ်နိုင်တဲ့ဖက်က ကူညီချင်လို့၊ ဟူသော အကြောင်းများစွာနဲ့ ဟောပြောနေရခြင်းပါ။
I will tell you with an example. Suppose the speaker says, "The money will come in next month." They will say that the astrologer is wrong because the money coming in is low and they don't think that money is coming in unless they know. Why? Because most people survive on greed. These cannot be said to be both sins. As such topics are increasing, it is becoming a joke to fortune tellers. Not all teachers are right. Could be wrong. It is even more to be laughed at because of the wrong teachers. But all astrologers preach fortune-telling for various reasons. For a living, as a hobby, to help people's problems as much as possible.
ဗေဒင်ဆရာဟု ခေါ်ခံရရုံမျှနှင့် ဗေဒင်ဆရာ မလုပ်လိုကြပါ။ စဥ်းစားကြည့်ပါ။ လူအများစုက ပျော်လွန်း၍ ဗေဒင်မမေးကြပါ။ အပူသောကတွေ, ဒုက္ခတွေ, နဲ့ပဲ မေးကြတာပါ။ သောကဆိုတဲ့ အပူက ဘေးပတ်ဝန်းကျင်ကိုပင် လောင်ကျွမ်းနိုင်ပါတယ်။ ဗေဒင်ဆရာများက ထိုကဲ့သို့သော သောကများကို နေ့စဥ်နှင့်အမျှ နားထောင်ပေးနေရတာပါ။ ပြီးလျှင် ဖြေရှင်းနိုင်မည့်အဖြေကိုလည်း စဥ်းစားရပါသေးတယ်။ ဒါကြောင့် တော်ရုံ ဝါသနာ, စေတနာ, မေတ္တာ, နှင့်လုပ်ကိုင်နိုင်ရန် ခက်ခဲပါသည်။
They don't want to be an astrologer just to be called an astrologer. Try it. Most people are too happy to ask for fortune telling. They just ask about the heat, the trouble, the trouble. The heat can even burn the surroundings. Astrologers listen to such concerns day in and day out. And we still have to think of a solution that can be solved. Therefore, it is difficult to work with passion, dedication, love, and passion.
နက္ခတ်ပညာရှင်ကြီး ကရိသျှနားမူရ်တီးပဒ္ဓတ္တိ ၏ ဖတ်စာအမှတ်(၂) တွင် ဗေဒင်ဆရာတစ်ဦးဖြစ်ရန် လိုက်နာရမည့် အချက်များကိုရေးသားခဲ့ပါသည်။
In the lecture number (2) of the great astrologer Krishnamurti Paddhati, he wrote the points that must be followed to become an astrologer.
၁။ ဗေဒင်ပညာသင်ယူသူသည် "ဂဏိတ" ဟုခေါ်သော အတွက်အချက်ပညာနဲ့ပတ်သက်သည့် ဗဟုသုတပြည့်ပြည့်စုံစုံ ရှိရမည်။
၂။ သင်္ချာ တော်ပြီး တွက်ချက်သည့်နေရာတွင် အမှားအယွင်း မပါအောင် တွက်ချက်နိုင်ရမည်။
၃။ မှန်ကန်တိကျသော ဂြိုဟ်သွားပြက္ခဒိန် ကို အသုံးပြုပြီး ဇာတာဖွဲ့တတ်ရမည်။
၄။ ရှေးဟောင်းကျမ်းရင်းများ နှင့် ခေတ်ပေါ်ကျမ်းများ ကိုအမြဲမပြတ်ဆည်းပူးလေ့လာရမည်။
၅။ သိနေသောအယူအဆများကို ထပ်တလဲလဲကြည့်ရမည်။ စိတ်ကူးမည်။ ခွဲခြမ်းစိတ်ဖြာနားလည်ရမည်။ ဗေဒင်စည်းမျဥ်းများ၏ လက်တွေ့အသုံးချမှုအနှစ်သာရများကို နားလည်သဘောပေါက်ရမည်။
၆။ လက်တွေ့ဟောပြောသည့် အတွေ့အကြုံများကို အစဥ်မပြတ်မှတ်တမ်းတင်ထားရမည်။
၇။ အသုံးပြုရာတွင်အကြိမ်ကြိမ်မှန်ကန်ချက်များတွေ့ရှိလာသည့် ဗေဒင်စည်းမျဥ်းများကို ယုံယုံကြည်ကြည်ဆက်လက်အသုံးပြုရမည်။
၈။ ကိုယ့်အတွက်အဟောမမှန်သည့်ဗေဒင်စည်းမျဥ်းများကို ဘာကြောင့်မမှန်ကန်ရသည်ကို အဖြေရှာနိုင်ရမည်။
၉။ စတင်ပြီးဟောပြောသည့်အချိန်တွင် တွေ့ကြုံလာရမည့် အမှားအယွင်းများအပေါ် စိတ်ဓါတ်မကျပဲ စိတ်ရှည်လက်ရှည်ဟောပြောနိုင်ရမည်။
၁၀။ ဗေဒင်ပညာနှင့်ပတ်သက်သည့် အကြောင်းအရာအချက်အလက်များကို အမြဲမပြတ်လေ့လာဆည်းပူးနေရမည်။ ပြဿနာအမျိုးမျိုးကို ဆွေးနွေးညှိနှိုင်းပြီး ရှိနေသည့်သံသယများကို ကင်းရှင်းအောင်လုပ်ရမည်။
၁၁။ ဗေဒင်ဆရာသည် ဗေဒင်မေးသူ၏ စိတ်နေသဘောထားကို အသေအချာနားလည်သဘောပေါက်ပြီးမှ ဗေဒင်ဟောပြောရမည်။
၁၂။ ဗေဒင်ဆရာသည် စိတ္တဗေဒ အတတ်ပညာကို တတ်ထားရမည်။
၁၃။ ဗေဒင်ပညာရှင်သည် စိတ်တည်ငြိမ်မှုရစေရန် ပုတီးစိတ်ခြင်း၊ တရားထိုင်ခြင်း၊ မေတ္တာဘာဝနာစည်းဖြန်းခြင်း၊ များကိုမလွဲမသွေလုပ်ရမည်။
အထက်ပါစည်းကမ်းများနှင့်ကိုက်ညီမှသာ ဗေဒင်ဆရာဖြစ်မည် ဟုတင်ပြခဲ့သည်။ လိုက်နာရန်ခက်ခဲသောအကြောင်းများပါသော်လည်း လိုက်နာကြရပါသည်။ ယခုခေတ်ကာလတွင် အချို့သောအချက်များကိုမသုံးကြတော့ပေ။ ဗေဒင်ကိုတွက်ချက်ရာ၌ softwear များကိုအသုံးပြုလာသောကြောင့်ဖြစ်ပါသည်။ ဗေဒင်ဆရာတိုင်း ဤအချက်များကိုလိုက်နာနေသည်တော့မဟုတ်ပါ။ အချို့သောအတုအယောင်များရှိနေခြင်းကြောင့်ဖြစ်ပါသည်။
He submitted that he would be a fortune teller only if he met the above rules. It's hard to follow, but they follow. Some points are no longer used these days. This is because software is used to calculate astrology. Not all astrologers follow these points. This is due to the presence of some fakes.
ထို့ကြောင့် ဗေဒင်ဆရာတစ်ဦး၏ ခံစားချက်နှင့်ကျင့်သုံးရသည့်စည်းကမ်းများရှိနေသည့် အတွက် အမှန်တကယ်တည်ငြိမ်စွာ ဟောပြောနေသည့် သူများကို လေးစားသင့်ကြောင်း ရေးသားလိုက်ရခြင်းဖြစ်ပါသည်။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ မင်းဇော်
That's why I wrote that I should respect those who are actually speaking calmly because there are rules that apply to an astrologer's feelings. May you both be healthy and happy. Min Zaw