Developing A Simple Website by yourself

Words
243
Reading
2 min
Listen
Play
9y

Developing A Simple Website by yourself (Lesson 14)

14-00-22-website-importance-for-business.jpg

မင်္ဂလာပါ။ဒီနေ့တော့ HTML မှာအရေးပါတဲ့ Tag တစ်ခုဖြစ်တဲ့ Form Tag အကြောင်းကိုတင်ပေးပါမယ်။

Form Element

Form tag ကိုမျက်စိထဲမြင်အောင်ပြောရရင် ကျွန်တော်တို့ facebook account တို့ steemit account တို့ဖွင့်ရင် register လုပ်ခဲ့ဖူးတာမှတ်မိကျမှာပါ။
အဲ့ဒီ Register လုပ်တဲ့အပိုင်းကို form tag နဲ့ရေးထားတာပါ။
Code ရေးသားပုံကအောက်ပါအတိုင်းဖြစ်ပါတယ်။

1.png

form tag နဲ့ စပီး form tag နဲ့ပိတ်ပါတယ်။ကြားထဲက form elements ဆိုတာက form tag နဲ့ဆက်စပ်နေတဲ့ tag တွေကိုဆိုလိုတာပါ။input tag တို့ submit tag တို့ကိုပြောတာပါ။
Form elements တွေထဲမှာအရေးကြီးဆုံး tag ကတော့ input tag ပဲဖစ်ပါတယ်။

Input Tag

Input tag ကအဖွင့်အပိတ်မရှိပါပူး။

<input ... />


ဆိုပီးတစ်ခုထဲရေးရတာပါ။(slash မထည့်လဲရပါတယ်)
Input tag မှာ Attribute တွေအများကြီးရှိပါတယ်။
Type ဆိုတဲ့ Attribute ကနေစလိုက်ရအောင်ဗျာ။
Input tag က type ဆိုတဲ့ attribute အပြောင်းအလဲ ကိုလိုက်ပီး ပြောင်းလဲပါတယ်။
type ဆိုတဲ့ attribute မှာ text, radio, sumbit, email, date, password နဲ့တစ်ခြားသော value တွေထည့်လို့ရပါတယ်။အဲ့တာတွေကဘာတွေလဲဆိုရင် ကျွန်တော် နမူနာ code နဲ့ပြပါမယ်။

<input type="text">

2.png

နမူနာ code ကရိုးရှင်းပါတယ်။input tag မှာ type attribute ပါတယ်။value ကို text ပေးထားတယ်။text ပေးထားတဲ့အတွက် စာသားတွေရော နံပါတ်တွေပါရိုက်လို့ရမှာပါ။
Output ကိုကြည့်ပါမယ်။

3.png

Br tag ကိုသုံးထားတဲ့အတွက် စာသားတစ်ကြောင်းခြားနေတာတွေ့ရမှာပါ။

တစ်ခြားinput type တွေအကြောင်းကြည့်ရအောင်။

4.png

အပေါ်ကနမူနာcode မှာပဲထပ်ဖြည့်ထားတာပါ။output ပုံကိုကြည့်လိုက်ပါ။

5.png

အပေါ်ကပြပီးသားနမူနာရဲ့code မှာ
Type value က text ပါ။Text ဖြစ်တဲ့အတွက်စာသားတိုင်းရေးလို့ရပါတယ်။ရေးတဲ့စာသားတိုင်းလဲပေါ်ပါတယ်။
-- အခုနမူနာက Line 12 ကိုကြည့်လိုက်ရင် type က password ဖြစ်နေတာကိုတွေ့ရမှာပါ။
Output ထွက်လာတဲ့ webpage က password ဆိုတဲ့ နေရာမှာစာရိုက်ကြည့်ရင် စာသားတွေမပေါ်ဘဲအလုံးလေးတွေပေါ်နေတာတွေ့ရမှာပါ။
type ပြောင်းသွားတဲ့အတွက် output လဲပြောင်းသွားတာပါ။
-- Type email မှာကျတော့ email ထည့်ပေးရမှာပါ။ Email ဆိုရင် အနောက်မှာ gmail.com@gmail.com တို့ @inbox.ru တို့ပါပါတယ်။ကျွန်တော်တို့က email ကွက်ထဲမှာ register လုပ်တဲ့အခါ mail.com@mail.com မပါရင် submit လုပ်လို့မရပါပူး။
-- Type date နေရာမှာကျတော့ ပုံစံလေးပြောင်းနေတာတွေ့ရမှာပါ။(ဒါပေမဲ့တစ်ချို့ Browser တွေမှာမရပါပူး။ကျွန်တော့ Laptop မှာတောင် Mozilla Firwfox browser မှာအဲ့တိုင်းမပေါ်ပါပူး။ရိုးရိုးဘောင်ကွက်ပဲပေါ်တာပါ။
Chrome Browser မှာပဲ အထက်ပါပုံအတိုင်းပေါ်တာပါ။code တွေလိုက် run ကြည့်တဲ့သူတွေ အခက်တွေ့မှာမို့လို့ပြောပြတာပါ။ကျွန်တော့တုန်းကလဲဖစ်ခဲ့လို့ 😁)
-- Type number ဆိုတဲ့နေရာမှာ စာသားတွေရေးပီး submit လုပ်လို့မရပါပူး။နံပါတ်ပဲရေးလို့ရပါတယ်။
-- Type file ကတော့ output ပုံထဲက choose file ဆိုတာကိုနိုပ်ပီး file တစ်ခုရွေးပီးတင်ပေးရတာပါ။ဥပမာ fb ဆိုရင် profile ပုံတင်တယ်ပေါ့။

ဒီနေ့တော့ဒီလောက်ပါပဲ။နောင်ရက်များမှာ Form element အကြောင်းဆက်ပါဦးမယ်။ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

Written by minthwayko@minthwayko
MSC - 187

Developing A Simple Website by yourself | Ecency