ထူးဆန်းသော သူတောင်းစားများ

Words
135
Reading
1 min
9y
Listen to this post
~1 min

image
အချိန်က ၁၉၈၆ ခုနှစ်၊ နေရာက မကွေးမှ ချောက်မြိုသွား BM ကားဂိတ်။ လူကဂင်တိုတို ဗလတောင်တောင့် နှုတ်ခမ်းမွေးမုတ်ဆိတ်မွေးများကလည်း ခပ်ကြမ်းကြမ်း၊ပြောရလျှင် လူမိုက်ရုပ်မျိုး၊ ထိုသူကမိမိထံချဉ်းကပ်လာတော့ ကိုယ်လည်းသတိအနေအထားဖြင့်စောင့်ကြည့်နေရသည်။ထိုသူ မိမိအနီး ရောက်လာတော့ ခပ်တည်တည်ကြီးဖြင့်မိမိအားကြည့်လျက် “တစ်ကျပ်ပေး” ဟုတောင်းလေသည်။ ထိုအချိန်က တစ်ကျပ် ဆိုသည်မှာ တန်ဘိုးရှိသေးပြီး သူတောင်းစားများတောင်းတတ်သောနှုန်းဖြစ်၏။ မိမိလည်း ခေတ္တကြောင်သွား သဖြင့်ပြီး လွယ်စီးလွယ် “မရှိဘူး” ဟုဖြေလိုက်သည်။ ထိုသူက “ရှိပါတယ်အိပ်ကပ် ထဲမှာမြင်ရပါတယ်” တဲ့။ ကိုယ်လည်း ကြောက် ကြောက်နဲ့ တစ်ကျပ်ထုတ်ပေးလိုက်ရသည်။
image
အချိန်က ၁၉၈၆ ခုနှစ်၊ နေရာကချောက်မြို့တွင်းလမ်းဘေးအုတ်ခုံ။ အိတ်တစ်လုံးဖြင့်လူတစ်ယောက်မိမိတို့ သူငယ်ချင်းနှစ်ယောက်ထံချဉ်းကပ်လာသည်။ မိမိက အုတ်ခုံပေါ်မှာထိုင်နေသည်။ မိမိသူငယ်ချင်းက ဘေးမှာ ရပ်နေ၏။ထိုင်နေသော ကျွန်တော့အား ထိုအိတ်တစ်လုံးနှင့်လူက သူ၏အိတ်ကလေးကိုဘေးတွင်ချကာ ထိုင်၍ လက်အုပ်ချီကန်တော့သည်၊ ပြီးတော့ လက်ကလေးတစ်ချောင်ထောင်ကာ “တစ်ကျပ်” ဟုပြောပြီးတောင်းလေ သည်။ မိမိက ငွေတစ်ကျပ်ထုတ်ယူပြီးပေးလိုက်သည်။ သူငယ်ချင်းလုပ်သူက စနောက်တတ်သူမို့ ထိုသူချ လိုက်သော အိတ်ကလေးကိုကောက်ယူ၍ဖွတ်ထားလိုက်သည်။ ထိုသူကတစ်ကျပ်ရပြီဖြစ်၍ ပြန်ထမည်ပြုစဉ် သူ့အိတ်ကိုလက်ဖြင့်စမ်းရာမရှိတော့ ထိတ်ထိတ်ပြာပြာဖြစ်သွားသည်။ နောက်ကိုတစ်ချက်ဝှေ့ကြည့်လိုက်တော့ မိမိသူငယ်ချင်းကနောက်ထားကြောင်းထိုသူကရိပ်မိသွားသည်။ “မကိုက်လို့ပါအကို ပြန်ပေးပါ အစ်ကို၊ မကိုက်လို့ပါ အစ်ကို” ထိုသူပြန်တောင်းနေသောအသံကိုယနေ့တိုင်ကြားယောင်နေမိသည်။ အဓိပ္ပါယ်ကိုကားယနေ့တိုင်မသိ သေး။ဘာကိုမကိုက်တာလဲ မတွေးတတ်။
image
အချိန်က ၁၉၈၆ ခုနှစ်၊ နေရာကပြည်မြို့လ္ဘက်ရည်ဆိုင်တစ်ခုအတွင်း၊ ချောက် GTI မှကျောင်းပိတ်ထား၍ ပြည်တွင်သူငယ်ချင်းများနှင့် လ္ဘက်ရည်ဆိုင်တစ်ခုတွင်လ္ဘက်ရည်သောက်နေကြစဉ်ဖြစ်သည်။ မိမိတို့လ္ဘက်ရည်များ သောက်၍ ကုန်လုကုန်စဉ်ဖြစ်သည်။ စကားစမြည်ပြောနေကြသည်ဖြစ်၍ အမှုမဲ့အမှတ်မဲ့အခြေအနေတွင် လူတစ် ယောက်ဆိုင်အတွင်းသို့ဝင်လာပြီးဟိုစားပွဲသည်စားပွဲတို့မှ လ္ဘက်ရည်အကျန်များကိုမပြောမဆိုဆွဲယူ၍ ခွက်တစ်ခု အတွင်းစုထည့်လိုက်သည်။ တစ်ခွက်စာပြည့်သွားသောအခါ ဂွတ်ကနဲ တစ်ချက်ထဲမော့သောက်လိုက်ပြီး ဆိုင်အ တွင်းမှတန်းထွက်သွားလေသည်။ အားလုံးကြောင်ကြည့်နေစဉ်ထိုသူမှာမြင်ကွင်းကပျောက်ကွယ်သွားလေ သည်။ငိုရခက်၊ရီရခက် ဆိုတာမျိုးဖြစ်သည်။ အပြစ်တင်ရအောင်လည်း ခွက်ကျန်လက်ကျန်၊ မပြောမဆိုမို့စိတ် ကသိက အောက်ဖြစ်သွားသော်လည်း သနားဂရုဏာသက်မိသလိုလို။လ္ဘက်ရည်ကိုကြိုက်လွန်းလို့မှန်း သိလျှင် လည်း တစ်ခွက်တစ်လေ ဝယ်တိုက်ရန်ခက်ခဲသည်တော့မဟုတ်ပါ။သို့သော် ကိုယ်လူတွေချည်းမဟုတ်တော့ အမြဲဝယ်တိုက်မည့်သူတော့ ရှာလို့ရမည်မထင်ပါ။
စာဖတ်သူ Steemit မိတ်ဆွေများထိုသူ (သုံးဦး)အားမည်သို့ထင်မြင်မိပါသလဲ။ ဝေဖန်ရင်း ။
ရေးသားသူ - မင်းစိုးနိုင်
Msc 010
Photo- Google

ထူးဆန်းသော သူတောင်းစားများ | Ecency