ကြယ်၊ဂြိုဟ်၊ကမ္ဘာတွေဘယ်လောက်ကြီးပြီးဘယ်လောက်ဝေး

Words
273
Reading
2 min
Listen
Play
8y

ပထမမှန်ပြောင်းအကြောင်းရေးတယ်။ မှန်ပြောင်းနဲ့ ကြယ်လေးတွေကိုကြည့်ဖို့၊ နောက် ကြယ်ကလေးများ ကိုရေတွက်ခြင်းအကြောင်းရေးတယ်။အခု ကြယ်၊ ဂြိုဟ်၊ ကမ္ဘာတွေဘယ်လောက်ကြီးပြီး ဘယ်လောက်ဝေးသလဲ ဆိုတဲ့ အကြောင်းရေးပါမယ်။ ဒီဆောင်းပါးက အတွက်အချက်များပါလို့ စိတ်ကလေးနည်းနည်းရှည်ပြီး သည်းခံ ဖတ်ပေးစေလိုပါတယ်။
ပထမဦးဆုံး ကြယ်၊ ဂြိုဟ်၊ ကမ္ဘာတွေဘယ်လောက်ကြီးပြီး ဘယ်လောက်ဝေးသလဲ ဆိုတာကို တိုင်းတာ တွက်ချက်တော့မယ်ဆိုတော့ ပေတံလိုပါပြီ။ ပေကြိုးလိုပါပြီ။ ကိုယ်တွေမြင်တွေ့နေကျ ပေတံတွေပေကြိုးတွေနဲ့ တော့မရဘူးပေါ့။သူတို့တွေကိုတိုင်းတာမှာကိုက ဘယ်နှစ်ပေ၊ ဘယ်နှစ်ကိုက်၊ဘယ်နှစ်မိုင်တိုင်းမှာမဟုတ်တော့ ။ပေကြိုးဆိုတာကလည်း အလင်းနှစ်နဲ့ တိုင်းတာနိုင်တဲ့။ ပေကြိုးမဟုတ်တဲ့ အလင်းကြိုးမျှင်ပေါ့။ အားလုံးသိကြတဲ့ အတိုင်း ဒီလောက်ဝေးတဲ့နေရာတွေကို တိုင်းတာဖို့ဆိုတာက အလင်းနှစ်နဲ့ပဲတိုင်းတိုင်နိုင်မှာပါပဲဆိုတာလေ။ ဒီတော့ အလင်းဟာတစ်စက္ကန့်ကို မိုင်ပေါင်း ၁၈၆၀၀၀ သွားတယ်ဆိုတာ သိမှဖြစ်ပါမယ်။ သိပြီးသားကသိပြီး သားလို့ မှတ်ပြီးမသိသေးသူက သိရပြီလို့မှတ်ပါလေ။

တစ်စက္ကန့်ကို မိုင်ပေါင်း ၁၈၆၀၀၀ သွားတဲ့အလင်းဟာ တစ်နှစ်မှာ ဘယ်လောက်သွားမလဲ။တစ်နှစ်မှာ ရှိတဲ့ စက္ကန့်ပေါင်းက ၃၆၅(ရက်) x ၂၄(နာရီ) x ၆၀(မိနစ်) x ၆၀(စက္ကန့်) = ၃၁,၅၃၆,၀၀၀ စက္ကန့်ရှိပါတယ်။ ဒါကို တစ်နှစ်မှာ အလင်းသွား မယ့်အကွာ အဝေးကိုတွက်တော့ ၃၁,၅၃၆,၀၀၀ x ၁၈၆,၀၀၀ = ၅,၈၆၅,၆၉၆ x ၁၀၆ မိုင်ဖြစ်ပါတယ်။ဒီတော့ ကြယ်၊ ဂြိုဟ်၊ ကမ္ဘာတွေဘယ်လောက်ကြီးပြီး ဘယ်လောက်ဝေးသလဲတွက်ဖို့ အလင်းရဲ့ တစ်နှစ်သွားမယ့် မိုင်အကွာ အဝေးတော့သိရပါပြီ။ နောက်တစ်ခုက အလင်းအားကိုသိဖို့လိုပြန်ပါသေးတယ်။နေရဲ့ အလင်းအားကတော့ 38 x 10^27 candle power ရှိတယ်ဆိုတော့ နေရဲ့ အလင်းအားကိုပဲအခြေခံပြီး တွက်ချက်သွားလို့ရနိုင်ပါပြီ။
ဟီးဟီး နည်းနည်းများသလိုပဲနော်၊ မှန်ပြောင်းတစ်လက်တောင်မဝင်နိုင်နဲ့သူက ကြီးကြီးကျယ်ကျယ် ကြယ်၊ ဂြိုဟ်၊ ကမ္ဘာတွေဘယ်လောက်ကြီးပြီး ဘယ်လောက်ဝေးသလဲဆိုတာတွက်မလို့ဆိုပဲလေ။ခုတော့ ဘာပဲဖြစ်ဖြစ်စခဲ့ ပြီဆိုတော့ တွက်ရတော့မှာပါ။ တွက်နည်းကတော့ ကျွန်တော်တို့ ၉ တန်း ၁၀ တန်းမှာသင်ခဲ့ရတဲ့ ပိုက်သာဂိုးရပ်သီအိုရမ်တို့၊ Sine ,Cosine တို့မှတ်မိကြသေးတယ်မို့လားလား။
image

Sine Rule
A sina β = B sine ã

တြိဂံတစ်ခုရဲ့ အနားတစ်ဖက်အရှည်ရယ်။ အဲဒီတြိဂံရဲ့ ထောင့်သုံးဖက်ရယ်ကို သိရင် ကျန်တဲ့အနားတွေရဲ့ အရှည်တွေလည်းသိပြီဆိုတော့ ပထမဆုံးဒီလိုစဉ်းစားကြည့်ရအောင် ….
အခု အနီးအနားက ooredoo တာဝါတိုင်တို့၊ Telenor တာဝါတိုင်တို့၊MPT တာဝါတိုင်တို့ရဲ့ အမြင့်တွေကို စမ်းပြီးတိုင်းကြည့်ရအောင်

ooredoo တာဝါတိုင်အောက်ခြေကနေ ပေ ၂၀၀ အကွာနေရာမှာ အမှတ်တစ်ခုထားပြီး အဲဒီအမှတ်ကနေ ooredoo တာဝါတိုင်ထိပ်ကို လှမ်းကြည့်လိုက်တဲ့အခါ မြေပြင်ကနေ ၈၅ ဒီဂရီ အစောင်းရှိတယ်ဆိုပါစို့။ ဒါဆိုရင် ဒေါင့်တွေက ၈၅ံ၊၁၅ံ၊၉၀ံ အသီးသီးရပါမယ်။
Sine Rule အရ
A sin β = B sin ã
A sin 15ံ = 200 sin 85ံ ဖြစ်တော့
sin 15 =0.2588190451
sin 85 = 0.9961946809
A= 200 x 0.9961946809 †0.2588190451
A= 769.8 ft ဖြစ်တဲ့အတွက် ooredoo တာဝါတိုင်ဟာ 769.8 ft မြင့်တယ်လို့ အဓိပ္ပါယ်ထွက်ပါတယ်။ အတိုင်းအတာများက စိတ်မှန်းဖြစ်တဲ့အတွက် အတိအကျယူလို့တော့မရပါဘူး။ အတိအကျသိချင်ရင်တော့ တိုင် နားကိုသွားပြီးဒီနည်းအတိုင်းတိုင်းလို့ရပါတယ်။ဒေါင့်တွေပဲမှန်ဖို့လိုပါတယ်။ဒေါင့်မှန်ရင်အမြင့်လည်းမှန်ပါပြီ။ အောက်ခြေကွာအဝေးကတော့ ပေကြိုးဆွဲမှာဆိုတော့ မှားဖို့မလွယ်ပါဘူး။
image
နားလည်ပြီဆိုရင်တော့ ...
ပထမဦးဆုံးဂြိုဟ်တစ်ခုကို တိုင်းဖို့လုပ်ရပါမယ်။ ဒါကတော့ အောက်ခြေအနားကို ပေ ၂၀၀ လုပ်လို့ မရ တော့ပါဘူး။ အနည်းဆုံးရန်ကုန်နဲ့ မြစ်ကြီးနားလောက်ထားရပါမယ်။ ရန်ကုန်မှာ နက္ခတ်တာရာစခန်းတစ်ခု၊ မြစ်ကြီး နားမှာ နက္ခတ်တာရာစခန်းတစ်ခု ဒီစခန်း ၂ ခုရဲ့ အဖြောင့်အတိုင်း အကွာအဝေးကို အရင်သိအောင်လုပ်ရပါမယ်။ သိပြီဆိုရင်တော့ အဲဒီစခန်းတွေကနေ ကိုယ်အကွာအဝေးတိုင်းမယ့်ဂြိုဟ်ကို ရွေးချယ်သတ်မှတ်ပြီး စခန်းနှစ်ခုရဲ့ အဖြောင့်မျဉ်းကနေ ကိုယ်သတ်မှတ်ထားတဲ့ဂြိုဟ်ကို ဘယ်လောက်ဒေါင့်မှာ မြင်ရတာလဲဆိုတာကို တိုင်းတာ ရပါမယ်။ဒေါင့် ၂ ခုရပြီဆိုရင် ကျန်ဒေါင့်ကလည်း အလိုလိုရပြီလေ။ ရရင် စောစောကတွက်နည်း အတိုင်း တွက်လိုက်ရင် အဖြေထွက်ပါပြီ။
မင်းစိုးနိုင်
MSC-010
Photo – Google

ကြယ်၊ဂြိုဟ်၊ကမ္ဘာတွေဘယ်လောက်ကြီးပြီးဘယ်လောက်ဝေး | Ecency