အနူသီး
သရက်သီးပါ။ သူကကွန်ကရစ်ကြားမှာစိုက်ထားလို့လားမသိဘူး။တခြားအသီးတွေလို အလုံးမချောဘူး။ ဒီလိုပဲ အဖုအထစ်တွေနဲ့သီးတာ။
သုံးနှစ်လောက်ရှိပြီး၊ သီးလာပြီဆိုရင် ဒီပုံပဲသီးတာ။ အသီးတိုင်းလိုလိုပဲ။ ဆိုတော့ ...
လူမကြိုက်ဘူးလား။
ကြိုက်တာမကြိုက်တာတော့မသိဘူး။ အသီးတွေအရွယ်တောင်မရောက်ဘူး။ ကုန်ရော။ တစ်လုံးမှကိုမကျန်တာ။
သူ့ရဲထူးခြားချက်က တို့စားလို့အရမ်းကောင်းတာ။ အသီးတွေစသီးပြီဆိုကတည်းကလူတွေချောင်းနေကြတာ။ အပင်ကနိမ့်တာလည်းပါမယ်။ အနိမ်ပိုင်းဆိုဒီအတိုင်းစွတ်လိုက်ရုံပဲ။နည်းနည်းမြင့်ရင်ခုန်ခူးလိုက်ရတယ်။
လောကကြီးမှာ သိလား ချောမောဖို့ထက်ထူးခြားဖို့ကပိုအရေးပါတယ်။ ဗေလုဝပဲကြည့်။သရက်သီးအတိုင်းပဲ။