အဲဒီကောင်လူလည်

Words
128
Reading
1 min
Listen
Play
7y

5c0sa0cv40.png

အဲဒီကောင်လူလည်

မြန်မာလူမျိုးတွေပြောလေ့ရှိတဲ့စကားပါ၊ အဲဒီကောင်လူလည် အဲဒီကောင်ငတုံးငအ စသည်ဖြင့်ပေါ့။ ကိုယ့်မိသားစုထဲမှာဒီလိုလူတစ်ယောက်ရှိတယ်ဆို ရင်တော့ သူကလည်လည်ဝယ်ဝယ်ရှိလို့တော်သေး တာပေါ့လို့ပြောကြတယ်။ သူများမိသားစုထဲမှာ အဲ လိုလူရှိရင်တော့ သွားမပေါင်းနဲ့ သူကလူလည် ခံရ လိမ့်မယ်။လို့ ဒီလိုပြောကြတယ်။
သူများမိသားစုထဲက ငတုံးငအဆိုရင်တော့ သ ဘောကျတယ်။ဒီကောင်က ငတုံးပြဿနာမရှိဘူး။ ကြိုက်သလိုလုပ်လို့ရတယ်။ အဲ..ကိုယ့်မိသားစုထဲ က ငတုံးအငကျတော့ သုံးစားမရတဲ့သူပေါ့။
သေသေချာချာ စဉ်းစားကြည့်တော့ အများပြောနေကြတဲ့ ငတုံးငအ ဆိုသူတွေဟာ အများစုကရိုးသားသူတွေ၊ လည်တယ်ဆိုတဲ့ သူ တွေမှာတော့ တကယ်မရိုးမသားလည်တဲ့သူနဲ့ ရိုးရိုးသားသားလည်တဲ့သူ နှစ်မျိုးရှိတယ်။ ရိုးရိုး သားသားလည်တယ်ဆိုတာက စဉ်ဆက်မပြတ် လေ့လာဆည်းပူးတယ်၊အရာရာနားလည်နှံစပ်တယ်။ဒါကြောင့် လည်တယ်ဆိုပေမယ့် သူများကိုဒုက္ခ ပေးဖို့လည်တာမဟုတ်ဘူး။ သူ့ဘဝအတွက်ရော အများအတွက်ရော ကောင်းဖို့၊ ကောင်းအောင် လုပ်ပေးဖို့လည်တာ ၊ မရိုးမသားလည်တယ် ဆို တဲ့သူကျတော့ သူ့အတွက်သာသူလည်တာ သူများ အတွက်ကောင်းဖို့မသေချာဘူး။ လိုအပ်ရင် သူတ ပါးကိုကျော်ခွမယ်၊ ခုတုံးလုပ်မယ်။ ထပ်ပြီးလို အပ်ရင် ဒုက္ခတောင်ပေးနိုင်သေးတယ်။ ကိုယ့်အတွက်များ အကျိုးရှိမယ်ဆိုရင် သူများဘာ ဖြစ်ဖြစ်သိပ်ဂရုမစိုက်ဘူး။အဲဒီကောင် လူလည်ဆို ဒီလိုမျိုးကောင်၊၊ သူတို့တွေက ကျွမ်းကျင်ကြတယ် ဒါပေမယ့် skill လည်းမဟုတ်ဘူး၊ Expert လည်းမဟုတ်ဘူး၊ ပြောရရင်မလည်ရှုပ်ဆိုတဲ့ ကောင်မျိုးတွေ သူတို့ကျွမ်းတယ်ဆိုတာက အခွင့်အရေးပေးနိုင်သူကို အလေးထားပြုစုပေးဖို့ အခွင့်အရေးမပေးနိုင်တော့တဲ့အခါ ကန်ထုတ်ဖို့ပဲ၊ အခွင့်အရေးကိုပဲ အမြဲစောင့်ကြည့်ရှာဖွေနေပြီး မပင်မပမ်းပဲ အချိုအချောင်ရနိုင်မယ်ဆိုရင် သူတို့ ထက်လျင်တဲ့သူကမရှိဘူး။ သိတဲ့အတိုင်း ငတုံးလို့ ခေါ်တဲ့ ရိုးသားတဲ့သူတွေဟာ ဘာအခွင့်အရေးတွေ ဖြစ်ပေါ်ဖြစ်ပေါ် သိကိုမသိဘူး၊ သိလည်းစိတ်မဝင် စားဘူး၊ ဒါကြောင့်မို့ လူလည်တွေကပဲ ဒါမျိုးအခွင့် အရေးတွေရတတ်ကြတာ၊ ကြာလာတော့ လူလည် ဆိုတဲ့လူတန်းစားအတွက် ကွက်လပ်တစ်ခုလိုပဲ။ ဒါမျိုးနေရာမှာ သူတို့တွေပဲလုပ်တတ်ကြသလိုလို ဖြစ်လာတယ်။ တို့တိုင်းပြည်မှာက မလည်ရင်ထ မင်းငတ်တဲ့ခေတ်က အရှည်ကြီးဖြတ်သန်းခဲ့ရတော့ မလည်ဘူးဆိုတဲ့ကောင် သို့မဟုတ် ငတုံးကောင် သို့မဟုတ် ရိုးရိုးသားသားဆိုတဲ့သူတွေက မရှိ သလောက်ကိုရှားသွားခဲ့ပြီ။ လူလည်တွေချည်ပဲ စမန်ခုတ်နေကြပြီ။ လည်တဲ့သူတွေကြားမှာပို လည်တဲ့သူက လည်သူစားစတမ်း လုပ်နေကြပြီ၊

အဲဒီကောင်လူလည် | Ecency