အပူသောကတွေဆိုတာ.........

Words
38
Reading
1 min
Listen
Play
8y

image

အပူသောကဆိုတာ...

အပူသောကတွေကိုကြုံရင် ရေနွေးအိုးကို အတုယူသင့်ပါတယ် ဘာကြောင့်လဲဆို ရေနွေးအိုးဆိုတာ ဆူလာတဲ့အခါမှာ ရေနွေးအိုးနှုပ်သီးကနေ ရွှီးရွှီးရွှီး ဆိုပြီး လေချွန်သံကဲ့သို့အသံမြည်လာပါတယ် ရေနွေးဆူလာတယ်ဆိုတာ တအားပူလာတဲ့အချိန်ဖြစ်တဲ့အတွက် ရေနွေးအိုးက ပူလှချည်ရဲ့ လှောင်လှချည်ရဲ့လို့ မအော်တဲ့အပြင် ရွှီးရွှီးဆိုပြီး လေတောင်ချွန်လိုက်ပါသေးတယ် ဒါကြောင့် အပူသောကတွေကြုံတဲ့အခါမှာ ရေနွေးအိုးကို အတုယူ လေချွန်နိုင်အောင် ကျင့်ဆောင်ပြီး လောကကြီးကို အူလိုက်သည်းလိုက် ဟားတိုက်ရယ်မောလိုက်ပါဗျာ

အပူသောကတွေဆိုတာ နှောင်တစ်ချိန်မှာ ရယ်စရာဟာသတွေဖြစ်လာတာပါ ဒါကြောင့် ယခုကြုံနေတဲ့အချိန်တဲက ကြိုတင် ဟာသလုပ်ရယ်လိုက်ပေါ့ဗျာ
Crd by minpine@minpine

အပူသောကတွေဆိုတာ......... | Ecency