This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

vitnum

Words
366
Reading
2 min
Listen
Play
8y

ဗီယက္နမ္စက္ရံုတစ္ခုမွာ ဘထၳရီေတြ၊ ဖုန္မႈန္႔ေတြကေန
ေစ်းေပါၿပီး လူ႔အသက္ကုိ ထိခိုက္ေစႏိုင္တဲ့ ေကာ္ဖီေတြ
ထုတ္လုပ္ေနတာကို စစ္ေဆးေတြ႕ရွိ

Strait Times

ဗီယက္နမ္ႏိုင္ငံ Dak Nong ေဒသမွာ ရွိတဲ့ မိသားစုပိုင္
ေကာ္ဖီစက္ရံုတစ္ခုမွာေတာ့ အသံုးျပဳၿပီးသား ဘထၳရီေတြ၊
ဖုန္မႈန္႔ ေက်ာက္မႈန္႔ေတြကေန မသန္႔ရွင္းတဲ့ ေကာ္ဖီေတြ
ထုတ္လုပ္ေနတာကို အာဏာပိုင္ေတြ စစ္ေဆးေတြ႕ရွိခဲ့ရ
တယ္လို႔ ေန႔စဥ္သတင္းစာ Tuoi Tre News က ေဖာ္ျပ
ပါတယ္။

Nguyen Thi Loan ဆုိသူ ပိုင္ဆိုင္တ့ဲ ယင္းေကာ္ဖီစက္ရံု
ရဲ႕ ထုတ္လုပ္မႈလုပ္ငန္းေတြမွာ မသကၤာဖြယ္အေနအထား
ေတြ ေတြ႕ရတယ္ဆိုၿပီး သတင္းေပးတုိင္ၾကားခ်က္ေတြရလို႔
ရဲတပ္ဖြဲ႕နဲ႔ အစားအေသာက္ စစ္ေဆးေရးအရာရွိေတြက
သြားေရာက္စစ္ေဆးခဲ့တယ္လို႔ ဆိုပါတယ္။

ယင္း၀င္ေရာက္စီးနင္းစစ္ေဆးစဥ္မွာေတာ့ သန္႔ရွင္းမႈ မရွိတဲ့
ေကာ္ဖီ တန္ခ်ိန္ ၁၂ တန္ကို သိမ္းဆည္းရမိခဲ့ပါတယ္။

ဒါ့အျပင္ ေကာ္ဖီ ထုတ္လုပ္ရာမွာ အသံုးျပဳတဲ့ အျခားေသာ
ကုန္ၾကမ္းေတြကိုပါ ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ ယင္းတို႔ထဲ
မွာေတာ့ အသံုးျပဳၿပီးသား ဘထၳရီေတြကေန ထုတ္ယူရရွိတဲ့
black powder ၃၅ ကီလို၊ ၁၀ ကီလို ရွိ black liquid တစ္
ပံုးတို႔လည္း ပါ၀င္ပါတယ္။

ေကာ္ဖီစက္ရံုပိုင္ရွင္က ရဲတပ္ဖြဲ႕ကို ၀န္ခံထြက္ဆိုရာမွာေတာ့
၎အေနနဲ႔ အျခား စက္ရံုေတြက အသံုးမျပဳေတာ့လို႔ စြန္႔ပစ္
လိုက္တဲ့ ေကာ္ဖီေစ့ေတြကို ေစ်းေပါေပါနဲ႔ ၀ယ္ၿပီး ယင္းေကာ္
ဖီေစ့ေတြကို ဖုန္မႈန္႔၊ေက်ာက္မႈန္႔လို အျခား ingredients ေတြ
နဲ႔ ေရာေမႊၿပီး ထုတ္လုပ္ေနတာျဖစ္တယ္လို႔ ဆိုပါတယ္။ သူမရဲ႕
စက္ရံုဟာ လည္ပတ္တာ ေလးႏွစ္ရွိၿပီျဖစ္ၿပီး ယခုႏွစ္အတြင္း
ေစ်းကြက္ထဲမွာ ေရာင္းခ်ထားခဲ့တဲ့ ေကာ္ဖီတန္ခ်ိန္ေပါင္း ၃
တန္ ထိ ရွိေနၿပီလို႔ ဆိုပါတယ္။

ယင္းေနာက္ ေကာ္ဖီထုတ္လုပ္ရာမွာပါ၀င္တဲ့ ပစၥည္းေတြကို
နမူနာယူ စစ္ေဆးရာမွာေတာ့ D batteries ဘထၳရီေတြမွာ
ေတြ႕ရတဲ့ အနက္ေရာင္ ပါ၀င္ပစၥည္းတစ္မ်ဳိးက manganese
dioxide လို႔ေခၚတဲ့ အဆိပ္အေတာက္ ဓာတုပစၥည္းတစ္မ်ဳိး
ျဖစ္ေနတာကုိ စစ္ေဆးေတြ႕ရွိခဲ့ရတယ္လို႔ သိရပါတယ္။

ယခုအခါမွာေတာ့အဆိုပါ ေကာ္ဖီစက္ရံု တာ၀န္ရွိသူေတြကို
အေရးယူသြားဖို႔ စီစဥ္ေနၿပီျဖစ္ပါတယ္။

photo;InsideReaders

Vietnamese factory caught producing deadly cheap
coffee from used batteries and dust

http://www.straitstimes.com/asia/se-asia/vietnamese-factory-caught-producing-deadly-cheap-coffee-from-used-batteries-and-dust?&utm_source=facebook&utm_medium=social-media&utm_campaign=addtoany

@@@
SFJ Strategy First Journal ကို Strategy First Institute က စီစဥ္
တင္ဆက္ေနတာျဖစ္ၿပီး Facebook Page ကို Like လုပ္ၿပီး Follow
လုပ္ထားမယ္ဆိုရင္ ေန႔စဥ္ ျဖစ္ေပၚေျပာင္းလဲေနတဲ့ ျပည္တြင္း၊ ျပည္ပ
သတင္းနဲ႔ အထူးတင္ဆက္မႈေတြကို ဖတ္ရွုနိုင္မွာျဖစ္ပါတယ္။


ဗီယက်နမ်စက်ရုံတစ်ခုမှာ ဘထ္ထရီတွေ၊ ဖုန်မှုန့်တွေကနေ
စျေးပေါပြီး လူ့အသက်ကို ထိခိုက်စေနိုင်တဲ့ ကော်ဖီတွေ
ထုတ်လုပ်နေတာကို စစ်ဆေးတွေ့ရှိ

Strait Times

ဗီယက်နမ်နိုင်ငံ Dak Nong ဒေသမှာ ရှိတဲ့ မိသားစုပိုင်
ကော်ဖီစက်ရုံတစ်ခုမှာတော့ အသုံးပြုပြီးသား ဘထ္ထရီတွေ၊
ဖုန်မှုန့် ကျောက်မှုန့်တွေကနေ မသန့်ရှင်းတဲ့ ကော်ဖီတွေ
ထုတ်လုပ်နေတာကို အာဏာပိုင်တွေ စစ်ဆေးတွေ့ရှိခဲ့ရ
တယ်လို့ နေ့စဉ်သတင်းစာ Tuoi Tre News က ဖော်ပြ
ပါတယ်။

Nguyen Thi Loan ဆိုသူ ပိုင်ဆိုင်တဲ့ ယင်းကော်ဖီစက်ရုံ
ရဲ့ ထုတ်လုပ်မှုလုပ်ငန်းတွေမှာ မသင်္ကာဖွယ်အနေအထား
တွေ တွေ့ရတယ်ဆိုပြီး သတင်းပေးတိုင်ကြားချက်တွေရလို့
ရဲတပ်ဖွဲ့နဲ့ အစားအသောက် စစ်ဆေးရေးအရာရှိတွေက
သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ယင်းဝင်ရောက်စီးနင်းစစ်ဆေးစဉ်မှာတော့ သန့်ရှင်းမှု မရှိတဲ့
ကော်ဖီ တန်ချိန် ၁၂ တန်ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့အပြင် ကော်ဖီ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ အခြားသော
ကုန်ကြမ်းတွေကိုပါ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ယင်းတို့ထဲ
မှာတော့ အသုံးပြုပြီးသား ဘထ္ထရီတွေကနေ ထုတ်ယူရရှိတဲ့
black powder ၃၅ ကီလို၊ ၁၀ ကီလို ရှိ black liquid တစ်
ပုံးတို့လည်း ပါ၀င်ပါတယ်။

ကော်ဖီစက်ရုံပိုင်ရှင်က ရဲတပ်ဖွဲ့ကို ၀န်ခံထွက်ဆိုရာမှာတော့
၎င်းအနေနဲ့ အခြား စက်ရုံတွေက အသုံးမပြုတော့လို့ စွန့်ပစ်
လိုက်တဲ့ ကော်ဖီစေ့တွေကို စျေးပေါပေါနဲ့ ၀ယ်ပြီး ယင်းကော်
ဖီစေ့တွေကို ဖုန်မှုန့်၊ကျောက်မှုန့်လို အခြား ingredients တွေ
နဲ့ ရောမွှေပြီး ထုတ်လုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ သူမရဲ့
စက်ရုံဟာ လည်ပတ်တာ လေးနှစ်ရှိပြီဖြစ်ပြီး ယခုနှစ်အတွင်း
စျေးကွက်ထဲမှာ ရောင်းချထားခဲ့တဲ့ ကော်ဖီတန်ချိန်ပေါင်း ၃
တန် ထိ ရှိနေပြီလို့ ဆိုပါတယ်။

ယင်းနောက် ကော်ဖီထုတ်လုပ်ရာမှာပါ၀င်တဲ့ ပစ္စည်းတွေကို
နမူနာယူ စစ်ဆေးရာမှာတော့ D batteries ဘထ္ထရီတွေမှာ
တွေ့ရတဲ့ အနက်ရောင် ပါ၀င်ပစ္စည်းတစ်မျိုးက manganese
dioxide လို့ခေါ်တဲ့ အဆိပ်အတောက် ဓာတုပစ္စည်းတစ်မျိုး
ဖြစ်နေတာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ယခုအခါမှာတော့အဆိုပါ ကော်ဖီစက်ရုံ တာဝန်ရှိသူတွေကို
အရေးယူသွားဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

photo;InsideReaders

Vietnamese factory caught producing deadly cheap
coffee from used batteries and dust

http://www.straitstimes.com/asia/se-asia/vietnamese-factory-caught-producing-deadly-cheap-coffee-from-used-batteries-and-dust?&utm_source=facebook&utm_medium=social-media&utm_campaign=addtoany

@@@
SFJ Strategy First Journal ကို Strategy First Institute က စီစဉ်
တင်ဆက်နေတာဖြစ်ပြီး Facebook Page ကို Like လုပ်ပြီး Follow
လုပ်ထားမယ်ဆိုရင် နေ့စဉ် ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ပြည်တွင်း၊ ပြည်ပ
သတင်းနဲ့ အထူးတင်ဆက်မှုတွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
------------------------------------------------------------------------ image

vitnum | Ecency