သင်းကွဲငှက်

Words
31
Reading
1 min
Listen
Play
9y

image

မသိခဲ့ဘူး...
ငါ့ရင်​ကို ပစ်​ခဲ့တဲ့မျှားမှာ
မင်းအဆိပ်​​တွေ သုတ်​ထားမှန်း...။

ရာမမင်းသားလို ငါ့မှာ
အတ္တအပြည့်​ရှိခဲ့​တော့..
မယ်​သီတာဆိုတဲ့ မင်းကို
ပိုင်​ဆိုင်​ရလိမ့်​မယ်​လို့ ထင်​ထားမိတယ်​...။

အရင်​လို သီချင်း​တွေ
ဆို​နေဆဲ...
ဒါ​ပေမဲ့ နား​ထောင်​မယ့်​ ငှက်​က​လေးက
အ​ဝေးထွက်​သွားခဲ့ပြီ​လေ...။

ပုံပြင်​ကဆုံးသွား​ပေမဲ့
ဆက်​ဖတ်​ချင်​​နေတဲ့
ငါ့အပြစ်​က ရိုးသားပါတယ်​ဟာ....

ပြန်​မလာ​တော့တဲ့ ဖိနပ်​​လေးအ​ကြောင်း​တွေးရင်း...
ခုထက်​ထိ ငါ့​ခြေ​ထောက်​​ကို ​ရေ​ဆေး​နေတုန်း..။

image

Writer by minhtikesan@minhtikesan

သင်းကွဲငှက် | Ecency