တန်ခူးလေကတော့ရင်ကိုသွေးပွက်ပွက်နဲ့မူးဝေစေခဲ့ပြီ အဝါ...၊ တောက်ပတဲ့နေရောင်ခြည် တောက်လောင်တဲ့အဝါရောင်တွေနဲ့ ငါ့ရင်ကိုဘယ်တော့မှမခြောက်သွေ့ဘဲ..စိုရွှဲနေခဲ့တာ..မင်း သိပါစေ .. အဝါ..။
ပိတောက်တွေရဲ့ ငြာသံပေး မွှေးရနံ့တွေ တူးပို့တူးပို့ တေးသံတွေ ငါခြေချရာ မြန်မာပြည်မှာ တစ်နှစ်တစ်ခါ အသည်းနှလုံးကို အသစ်တဖန်ပြန်ရှင်သန်ဖို့. တူးဆွ နိုးထစေခဲ့တယ် ငှက်ချင်းတူပေမယ့် လင်းယုန်ငှက်တွေက အချိန်အကြာကြီး လေထဲမှာနေနိုင်သလို ပွဲတော်ချင်းတူပေမယ့် ဘယ်နိုင်ငံ ဘယ်ဒေသက ပွဲတော်နဲ့ နိုင်းနိုင်း ဒီသင်္ကြန်ပွဲတော်ကို ငါ မြတ်နိုးတယ် .. ငါ ရင်ခုန်တယ်..
ငါ စွဲလမ်းတယ် ..အဝါ..။
လှည်းဝင်ရိုးသံတညံညံနဲ့ .. ပိတောက်တွေ အလှဆင်ထားတဲ့ နွားလှည်းခေတ်ကစပြီး ဦးဇော်ဝမ်း နဲ့
ဝီလီဂျစ် ..သင်္ကြန်မိုးသီချင်းကစပြီး .. ယနေ့ခေတ် တူးပို့တူးပို့ တေးသံ ..၊ ငါ စွဲလမ်းခဲ့ပါတယ်အဝါ..။
ငါ ဘယ်နိုင်ငံပဲရောက်ရောက်
ဘယ်နေရာမှာပဲရှိနေ သင်္ကြန်အမှီတော့ ငါ ပြန်လာခဲ့မယ် အဝါ..။
မပြီးဆုံးသေးတဲ့ တောက်လောင်မူ့တွေကို သင်္ကြန်ရေနဲ့ငြှိမ်းဖို့ ငါ ဆက်ဆက် ပြန်လာခဲ့မယ် အဝါ ...။