အရင်တစ်ပတ်ကတော့ Lexus rx450h ရဲ့ညီနောင်လို့ဆိုရမဲ့lexus rx 350 နဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ခုတစ်ခါတော့ရုပ်ပိုင်းဆိုင်ရာရောစွမ်းဆောင်ရည်ပိုင်းရောတူမလိုလိုနဲ့အနည်းငယ်ကွဲပြားတဲ့
Lexus Rx 450h လေးနဲ့မိတ်ဆက်ပေးပါရစေ။
Lexus Rx450hမှာ Rx350 နဲ့ရုပ်သွင်အပြင်လေးမသိမသာလေးကွဲပြားသွားတာကိုမြင်တွေနိုင်မှာပါ။led headlights ပုံစံမတူတာလေးတွေ Lexus ရဲ့ပင်တိုင်ရှဲလ် စကာကွက်မတူတာလေးတွေနဲ့ ဘော်ဒီကောက်ကြောင်းမတူတာလေးတွေတွေ့ရမှာပါပဲ။
Lexus Rx450h မှာဆိုရင် အင်ဂျင်ပါဝါအနေနဲ့က
3500cc နဲ့ Hybird နဲ့ပူးတွဲပေးထားတဲ့အတွက်သူ့ညီနောင်ထက်တော့အဆွဲအရုန်းကတော့ပိုကောင်းမှာအမှန်ပါပဲ။မြင်းကောင်ရေအားအနေဖြင့်လဲ 308hp ထိတိုးသွားတဲ့အပြင်အော်တိုဂီယာရှစ်ချက်ကနေကားဘီးတွေဆီပို့လွှတ်မောင်းနှင်စေမှာဖြစ်ပါတယ်။လယ်သာထိုင်ခုံတွေ၊အပူအအေးပေးစနစ်တွေနဲ့ပြည့်စုံလှတဲ့နောက်ဆုံးပေါ်နည်းပညာတွေသုံးထားတဲ့function တွေကိုလဲမြင်တွေ့ရဦးမှာဖြစ်ပါတယ်။
အပြင်ပန်းအနေနဲ့ကြည့်ရမယ်ဆိုရင် 20” ခရိုမီယမ်အလွိုင်းတွေနဲ့လှပလွန်းလှသောဘော်ဒီကောက်ကြောင်းများကလဲမြားတစ်စင်းအလားအသက်ဝင်လို့နေပါတယ်။သူ့ညီနောင်တုန်းကလိုပဲ
မောင်းသူကိုအထောင်အကူပြုပေးမဲ့blind spot function|lane departure warnings accident avoidance system တို့အပြင်တစ်ခုခုနဲ့ထိမိခိုက်မိခါနီးတွင် အလိုအလျောက်အော်တိုဘရိတ်ဖမ်းပေးသည်အထိပြုလုပ်ဆောင်ရွက်ပေးနိုင်ပါသေးတယ်။ဒီလိုကောင်းမွန်တဲ့ကားတစ်စီးအတွက်တော့ပေးရတဲ့ငွေကြေးနဲ့ကိုယ်ပြန်ရမဲ့ဖီလင်ထပ်တူကျလိမ့်မယ်လို့ထင်ပါတယ်။
Written by @mgzayyar
Photo from google
MSU-053
Post on busy