Introduceyourself

Words
69
Reading
1 min
Listen
Play
8y

ဝတ္ထုတိုလေးတစ်ပုဒ်ပါပဲ
ပျင်းလို့မဟုတ်ပဲ ဆွဲဆောင်မှုရှိလွန်းလို့ နာကျင်ရလွန်းလို့
လေး/ငါး ရက်လောက်ဖတ်ယူလိုက်ရတယ် လို့ ကျနော် ပြောရင် ခများတို့ ယုံမှာလား

ပျောက်ဆုံးနေတဲ့ ကိုယ့်ခန္ဓာကိုယ် အစိတ်အပိုင်းတွေ
တစ်စချင်းစီ ပြန်လိုက်ကောက်ပြီး
အချိန်ယူ ဆက်နေရသလိုပဲ
ကျနော်ဟာ ခဏတိုင်းမှာ ဒီစာဖတ်ရင်း ရပ်တန့်သွားပြီး
အတွေးတွေ အလုအယက် တိုးဝင်လာတယ်

ဒီထဲမှာ ကျနော့ကို တွေ့တယ်
သူဟာ ကျနော်နဲ့တူပါတယ်
သူ့ကိုမြင်ရတာ ကျနော်နာကျင်လာတယ်
သူဟာ ကျနော်ပဲလို့ တွေးမိလာပါတယ်
သူ့နာကျင်မှုဟာ ကျနော့်ဒဏ်ရာတွေပဲ
ဒီ့ထက်ပိုပြီးး
အဆုံးထိဆက်မသွားချင်ဘူးး

ပျောက်ဆုံးနေတယ်
ပျောက်ဆုံးနေခဲ့ပါတယ်
ကျနော်ဟာ ကျနော်ဘယ်သူလဲ ဘာဖြစ်ချင်တာလဲ ဘာလုပ်ချင်တာလဲ ဘာလုပ်နေတာလဲ ဆိုတာ တွေ ရှာမတွေ့ခဲ့ဘူး

ကျနော့် ရေးဟန် ကျနော့ ဟန်ပန်
ကျနော့ကို ကျနော် ပြန်ရှာမရဖြစ်နေတယ် …
image

ကျေးဇူးပြု၍တစ်ခုလောက်မေးပါရစေ။ကျနော်ဘယ်သူလဲ။
ကျေးဇူးပြုပြီး ကျနော်ဘယ်သူလဲ မသိချင်ကြပါနဲ့
ပျောက်သွားတဲ့ရည်းစားကို တိတ်တိတ်လေးလာရှာဖို့ ဖွင့်ထားတာပါ
ပီးရင် တိုးတိုးတိတ်တိတ် ပျောက်ကွယ်သွားမှာပါ ..
mgwonna@mgwonna

Introduceyourself | Ecency