မင်းကို ထိပ်ဆုံးက ကြိုဆိုပါတယ်

mgtunwin(37)
Published in
#busy
Words
50
Reading
1 min
Listen
Play
8y

broken.jpg
မင်းကို ထိပ်ဆုံးက ကြိုဆိုပါတယ်
ကြိုက်သည်ဖြစ်စေ မကြိုက်နှစ်သက်သည်ဖြစ် ထိုင်ခုံးလေးမှာတော့ကြိုက်သလိုသာဝင်ထိုင်လိုက်ကြပါဗျာ။ကျွန်တော်တို့ ဆိုင်ဖွင့်ပွဲမှာ အိပ်မက်ပါးပါးလှီးသုတ်တစ်ပွဲမျော်လင့်ချက်ကို မဲ့ နဲ့ တောက်တောက်ကြော် ကံဆိုးမှု ဒုတ်ထိုး အသည်း စပယ်ရှယ် ကင်သောက ပြုတ်ထောင်းကြော်နဲ့ဝေဒနာ ပွက်ပွက်ဆူ ဟင်းချိုခပ်ပြင်းပြင်း အလွမ်းဆေးလိပ်တွေနဲ့ မောဟ သန့်သန့်လေးတစ်ဗူး မျက်ရည်ခဲတုံး နောက်ပြီး မော်ဒန်၊ ပိုစ့်မော်ဒန် အစားစားသော အရက်ကောင်းများကို ရင်ဘတ်ခွက်ကြီးကြီးနဲ့ တည်ခင်း ဧည့်ခံထားပါတယ်။
လာကြပါ သုံးဆောင်ကြပါ။ မွန်းနေအောင်ရှိုက်ဖွာ မုန်းအောင်စားပြီး မှုးအောင်သောက် ကြပါ။
လိုတာရှိရင် ပြောပါ။နောက်ထပ် ဖွယ်ဖွယ်ရာရာများလည်း ထပ်ချပေးပါမယ်။
လုပ်ပိုင်ခွင့်အနေနဲ့ မကျေနပ်ချက်များ ဟော့ဒီ သောက်ပြီးသားခွက်နဲ့ လောကဓံစားပွဲဆီ ဆောင့်ချပစ်လို့ ရပါတယ်။
author:mgtunwin@mgtunwin
photo:google

မင်းကို ထိပ်ဆုံးက ကြိုဆိုပါတယ် | Ecency