Steemit မှသည်...

Words
106
Reading
1 min
Listen
Play
8y

84A60911-C7C0-447D-AA8D-BF4B887644A0.jpeg

ယနေ့ရေးလိုက်ရသည့်အကြောင်းအရာမှာ Steemit မှသည် a photographer တစ်ယောက်၊ စာရေးဆရာတစ်ယောက်သို့ ရုတ်တရက်ပြောင်းသွားရခြင်းဖြစ်သည်။မောင်တိုးတက်တစ်ယောက် steemit ပေါ်သို့မရောက်စဉ်က စာ ရေးလေ့ရေးထမရှိခဲ့ပါ။သို့သော် စာရေးသူသည် ဝိဇ္ဇာကျောင်းသားတစ်ယောက်ဖြစ်သည်။ ဒါ့အပြင် english major ကျောင်းသားတစ်ယောက်ဖြစ်ခဲ့သည်။

English မေဂျာသည်လည်း ဝိဇ္ဇာဘာသာရပ်အားလျော်စွာ အင်္ဂလိပ်ရသစာပေ၊အင်္ဂလိပ်ဝတ္ထု၊သုတ စသည်ဖြင့် လိပ်ပတ်လည်အောင် သင်ကြားခဲ့ရသည်။ထို့အပြင် မိခင် ဘာသာ မြန်မာစာကိုပါကျေညက်မှ နိုင်ငံခြားဘာသာတွင် ထူးချွန်မည်ဟု ဆရာ့ဆရာကြီးများမှ ချမှတ်ခဲ့ခြင်းကြောင်း မြန်မာစာဘာသာရပ်ကိုလည်း ပထမနှစ်မှ ဘွဲ့ရသည့် နောက်ဆုံးနှစ်ထိသင်ကြားခဲ့ရသည်။

59A8AB21-5234-4FD5-85DD-68E5282C61B6.jpeg

သူများကျောင်းတွေ ဒုတိယနှစ်မှ စ၍ မြန်မာစာပြုတ်ကာ အင်္ဂလိပ်စာဖြင့်သင်ကြားရသော်လည်း မိမိတို့ အင်္ဂလိပ်စာကျောင်းသားကြီးများမှာ အနက်အဓိပ္ပာယ်များကျက်ရ၊ဇာတ်တော်များ ဖတ်ရမှတ်ရ၊ကွန့်ရ၊ညွှန့်ရ ရေးခဲ့ရပါသည်။ထိုမှ စာတွေးတတ်ရေးတတ်ခဲ့သည်။ထိုစဉ်ကို နားမလည်ခဲ့သော်လည်း ယခုအခါ ဆရာကြီး၊ဆရာမကြီးများ၏ အမျှော်အမြင်ကြီးစွာ ထိုသို့ရေးတတ်စေရန် ဆောင်ရွက်ခဲ့မှုများကို သိတတ်စွာ ကျေးဇူးတင်တတ်လာခဲ့ပါသည်။

ထို့အပြင် စာရေးကောင်းစေရန်အတွက်လည်း မိမိ steemit ပေါ်ဆတွင် တစ်နှစ်ကျော်စာရေးခဲ့ခြင်းကလည်း စာကို အတွေးကောင်းတွေးတတ်စေရန်၊သတ်ပုံမှန်စွာရေးတတ်စေရန် များစွာအထောက်အကူပြုစေခဲ့ပါသည်။ဤသည်မှာ မောင်တိုးတက်၏ steemit တိုးတက်မှုများထဲမှ တစ်ခုပင်ဖြစ်ပါသည်။ထို့အပြင် steemitပေါ်တွင် စာရေးပိုစ်တင်ရန်မှာ ပုံတင်ရန် ဓာတ်ပုံလိုပါသည်။

E8527329-BCD3-4035-AEE8-B97FB65D4D68.jpeg

ထို့ကြောင့် လက်ထဲတွင် ဖုန်းကိုင်ထားသော်လည်း ယခင်ကဲ့သို့ နမော်နမဲ့မဟုတ်ဘဲ မိမိရေးလိုသည့် အကြောင်းအရာလေးများနှင့် လိုက်ဖက်သည်ထင့်သည့် ဓာတ်ပုံလေးများကို လက်ထဲမှ ဖုန်းလေးနှင့် တဖျက်ဖျက် ဓာတ်ပုံရိုက်တတ်သည့် အကျင့်ကောင်းလေးလဲ ကိန်းအောင်းသွားပါသည်။ထို့ကြောင့် အပြင်တွင်လည်း ဘယ်ဒေသဆီရောက်ရောက် steemit ပေါ်တွင် ဘယ်ဟာပိုစ်တင်မည်၊ ဒီပုံလေးကတော့ လှမ်းရိုက်လိုက်မည်ဆိုကာ ဓာတ်ပုံဆရာတစ်ဖြစ်လဲအဖြစ်သို့လည်း ဖြစ်ဖြစ်သွားတတ်နေပြီဖြစ်သည်။

written by mgtoetat@mgtoetat
photos by mgtoetat@mgtoetat
MSC-073
post on busy

Steemit မှသည်... | Ecency