Puppy လေးတစ်ကောင်မွေးမည်ဆိုလျှင်-Final

Words
83
Reading
1 min
Listen
Play
8y

C6FCFFC0-6480-432F-BE34-1BF78F020B43.jpeg

တကယ်တမ်းဆိုလျှင် puppy လေးတကောင်ကိုမွေးရသည်မှာမလွယ်ကူပါ။ ငယ်သေးသည့်ချိန်တွင် ကလေးတစ်ယောက်မွေးထားသကဲ့သို့ပင် ကျွေးရ၊မွေးရ၊ပြုစုရဖြစ်ရသည်မှာ အမှန်ပင်ကရိကထများလှသည်မှာတော့ အမှန်ပင်ဖြစ်ပါသည်။ အကယ်၍ စာဖတ်သူတို့သည် ယခုမှ တစ်လသား puppy လေးတစ်ကောင်ကိုမွေးရန်ဝယ်လာသည်ဆိုပါစို့။

ထို puppy လေး၏ အလေးအပေါ့စွန့်မှု၊ ညအချိန် လူအိပ်၍ကောင်းချိန်တွင် ကလေးငယ်များကဲ့သို့ တအီအီအော်ခြင်း၊နို့တောင်းခြင်းစသည်တို့ကို ထည့်တွက်ထားရန်လိုပေသည်။ မွေးဖွားလိုကြသည့် ချစ်စရာ puppy လေးတို့သည် အဟိတ်တိရစ္ဆာန်ဖြစ်ကြသည်မို့ အလေးအပေါ့တို့ကို စွန့်ချင်တိုင်းစွန့်လေ့ရှိကြသည်။ထိုသို့ပြုမှုလျှင် မွေးမည့်စာဖတ်သူအနေဖြင့် စနစ်တကျ သန့်ရှင်းရေးလုပ်မှု၊စနစ်တကျ စွန့်ပစ်မှုစသည်တို့ကိုပြုလုပ်ပေးရန်လိုပေသည်။

5F74BA47-C724-48FF-9F57-C8867BA802FF.jpeg

နောက်တချက်အနေဖြင့် ည လူအိပ်ချိန်တွင် တအီအီအော်ခြင်းမျိုးများသည် မိမိတို့ puppy လေးများငယ်ရွယ်သေးချိန်တွင်သာ ကြုံတွေ့ရလေ့ရှိလေ့ရှိပါသည်။ကြီးသောအခါဖြစ်စေ၊စာဖတ်သူအိမ်တွင် နေတာအသားကျသွားသောအခါဖြစ်စေ ထို့အမှုအကျင့်ပျောက်သွားလေ့ရှိပါသည်။ထို့ကြောင့်ချစ်စရာ puppy လေးများမွေးမည့် သူများအနေဖြင့် ထိုအချက်တစ်ချက်ကိုလည်းထည့်စဉ်းစားရမည်ဖြစ်သည်။

ထို့အပြင် puppy လေးတစ်ကောင်မွေးတော့မည်ဆိုပါက မိမိအိမ်သို့ရောက်ရောက်ချင်း၊ဝယ်ဝယ်လာချင်းတွင် တိရစ္ဆာန်ဆေးကုဆရာဝန်ဖြင့်တိုင်ပင်ကာ သူ့သက်ဆိုင်ရာ ကာကွယ်ဆေးများ၊သန်ချဆေးများ၊ကျောက်ကာကွယ်ဆေး ထိုးနှံသင့်ပါသည်။ထို့အပြင် ပိုအရေးကြီးသည့်တစ်ချက်မှာ တိလေးများအများဆုံးထိုးကြသည့် ခွေးရူးကာကွယ်ဆေးကိုထိုးနှံရန်အလွန်အရေးကြီးပါသည်။

B8341BF6-9CCC-4C0B-925B-0637409791F5.jpeg

အဘယ်ကြောင့်ဆိုသော် စာဖတ်သူများသိသည့်အတိုင်းပင် ခွေးရူးရောဂါသည်ကြောက်စရာအကောင်းဆုံးရောဂါဆိုးတစ်ခုဖြစ်သည်မဟုတ်ပါလား။ထို့ကြောင့် ကြိုတင်ထိုးနှံပေးထားမှသာ ချစ်စရာ puppy လေးကော သခင်ဖြစ်သူကိုပါ နှစ်ဦးနှစ်ဖက်အကျိုးရှိ၍ အန္တရာယ်ကင်းစေမည်ဖြစ်ပါသည်။ထို့ကြောင့် puppy လေးများမွေးမည့်အတွေးရှိသည်ဆိုလျှင် မွေးကြည့်ပါ။ခွေးလေးများသည် လူသားတို့၏အကောင်းဆုံးအဖော်မွန်ပင်ဖြစ်ပါသည်။

written by mgtoetat@mgtoetat
photos by mgtoetat@mgtoetat
MSC-073
post on busy

Puppy လေးတစ်ကောင်မွေးမည်ဆိုလျှင်-Final | Ecency