ဧရာဝတီ၏ ညနေဆည်းဆာ

Words
125
Reading
1 min
Listen
Play
9y

A507E030-C3AF-442C-BB0E-8C376AC77B02.jpeg

ကျွန်တော်တို့ နေထိုင်သည့် မြန်မာ (myanmar) နိုင်ငံတွင် သဘာဝအလှအပများ၊ ရှေးဟောင်းအမွေအနှစ်များ၊ ယဉ်ကျေးမှု အမွေအနှစ်များ ပေါကြွယ်ဝလှသည်မှာ အမှန်ပင်ဖြစ်သည်။ပေါများကြွယ်ဝသည်ဟုဆိုရာတွင် သက်ရှိ သဘာဝ အလှအပများ(natural beauties)၊သက်ရှိယဉ်ကျေးမှု အမွေအနှစ်များ၊ သက်မဲ့ သဘာဝအလှအပများ၊ သက်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ပေါများခြင်းဖြစ်သည်။ သက်ရှိ သဘာဝအလှအပများ ဆိုသည်မှာ တိုင်းရင်းသားလူမျိုးများ၊တိုင်းရင်းသား များပြောဆိုသည့် များစွာသော ဘာသာစကားများ၊ ပျောက်ကွယ်လု ဓလေ့ထုံးတမ်းများဖြစ်ကြသည်။

ဥပမာအားဖြင့် ဆိုရလျှင် မြန်မာနိုင်ငံရှိ သက်ရှိယဉ်ကျေးမှုတွင် ပဒေါင် (ကယန်း)လူမျိုးများ၏ ရိုးရာကြေးကွင်းဝတ်စားမှု၊အချို့ ချင်းတိုင်းရင်းသားများ၏ ပါးရဲထိုးမှု၊ကချင်တိုင်းသားတို့၏ မနောပွဲ စသည်တို့ ဖြစ်ကြသည်။မြန်မာနိုင်ငံရှိ သက်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ အနေဖြင့် ထုံးကျောက်တောင်များ၊ ဖြူသောသဲများဖြင့် အာရှတွင်လှပသော ကမ်းခြေများ၊ပုဂံရှိ ဗုဒ္ဓဘာသာ ဘုရားပုထိုးများ ၊ပုပ္ပားမီးငြိမ်းတောင်၊မြန်မာတို့၏ ဧရာဝတီမြစ်ကြီး စသည်တို့ဖြစ်ကြသည်။

C33CBEE3-28DE-46B6-84E4-676D5C10950A.jpeg

ဧရာဝတီ(irrawaddy river)မြစ်သည် မြန်မာနိုင်ငံတွင် နှစ်သန်းပေါင်း ထောင်ချီနီးပါးသက်တမ်းရှိသော မြစ်တစ်ခုဖြစ်သည်။မြန်မာနိုင်ငံတွင်ပင် မြစ်ဖျားခံပြီး မြန်မာနိုင်ငံတွင်းပင်စီးဆင်းကာ မြန်မာနိုင်ငံထဲကပင် ကပ္ပလီပင်လယ်ထဲသို့ စီးဝင်နေသည့် မြန်မာတိုင်းရင်းသားလူမျိုးတို့ပိုင် မြစ်တစ်စင်းပင်ဖြစ်ပါသည်။ထို့ကြောင့် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် မြို့ကြီးအများစု တည်ရှိနေကြခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ဧရာဝတီမြစ်သည်၊ဧရာဝတီ ၏အလှအပ များသည် မြန်မာတို့၏ သက်မဲ့သဘာဝအလှအပများပင်ဖြစ်သည်။

ဧရာဝတီ၏ အလှအပများတွင် ဧရာဝတီမြစ်ကြီး၏ မြစ်ကမ်းပါးမှ ညနေဆည်းဆာအလှသည် အထူးထင်ရှားကြော်ကြားလှသည်။အဆိုပါညနေ ဆည်းဆာအလှသည် ကြည့်ရှု့ခံစားသူအပေါင်းကို ဆွဲဆောင်လှသည်။ဧရာဝတီမြစ်သည် မြန်မာလူမျိုးအပေါင်းတို့အတွက် သွားလာ သယ်ယူပို့ဆောင်မှုအရ၊စီးပွားရေးအရ၊သမိုင်းကြောင်းအရပါ အလွန်အရေးကြီးသည်။ရှေးနှစ်ပေါင်းထောင်ချီကတည်းက ဤမြစ်ကြောင်းတစ်လျှောက်သွားလာခဲ့ကြသည်။မြန်မာတို့၏ နိုင်ငံသစ်တို့ကိုထူထောင်ခဲ့ကြသည်။

1411E6ED-FBFE-4BC0-95DE-428E2BAECD7B.jpeg2B726102-03FE-46FB-B1C7-0E62A30DE183.jpeg

ထို့ပြင် ဤမြစ်ပြင်ကျယ်တွင် ငါးဖမ်းရင်း၊ဆန်ရေစပါးများသယ်ယူပို့ဆောင်ရင်း အသက်မွေးကြသောကြောင့် စီးပွားရေးအရ ယခုခေတ်ထိတိုင်ပင် အလွန်အရေးပါရခြင်းဖြစ်သည်။ ထိုကြောင့် သက်မဲ့ သဘာဝအလှအပ များကို ပေးစွမ်းနိုင်သော၊ စီးပွားရေး၊သယ်ယူပို့ဆောင်ရေးတို့တွင်လည်း အဓိက မှီခိုနေရသော ဤမြစ်ကြီးကို မြန်မာတို့ ချစ်တတ်ရမည်။တန်ဖိုးထားတတ်ရမည်။ထိန်းသိမ်းတတ်ရမည်။ မေခ နှင့် မလိခတွင်ပေါင်းစုံစီးဆင်းခဲ့သော ဤမြစ်ကြီးကို မြန်မာသွေးချင်းတို့ တန်ဖိုးထားတတ်မည်ဆိုလျှင် ဧရာဝတီမြစ်ကြီး ညနေဆည်းဆာတိုင်းသည် လှပနေမည်ဖြစ်သည်။

Photos by mgtoetat@mgtoetat
written by mgtoetat@mgtoetat
MSC-073

ဧရာဝတီ၏ ညနေဆည်းဆာ | Ecency