လူတော်လူကောင်း

Words
50
Reading
1 min
Listen
Play
8y

မနေ့က ဆူးလေနားက ဟိုတယ်ဟောင်းကြီးတစ်ခုမီးလောင်ရာမှာ ပိတ်မိနေကြသူတွေကို နောက်ကပ်ရပ်တိုက်က
Liveလွှင့်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို ကြည့်လိုက်ရပါတယ်။
image
အတော်အသည်းယားစရာပါ။
အရေးပေါ်လှေကား လုံးဝမရှိပါဘူး။
မီးခိုးတွေ လှိမ့်ထွက်နေတဲ့ အခန်းထဲက အပြင်ထွက်ဖို့ အခက်တွေ့နေတဲ့ မိန်းမငယ်တစ်ယောက်၊
ရေပိုက်လိုင်းကို အကူအကယ်ပစ္စည်း တစ်ခုမှမပါဘဲ image ကုတ်ကပ်တွယ်တက်လာပြီး သက်စွန့်ဆံဖျားကယ်ဆယ်နေတဲ့ စွတ်ကျယ်အင်္ကျီ တက်တူးနဲ့ လူတစ်ယောက်။

ကိုယ်နဲ့ သွေးမတော်သားမစပ် မသိဖူးမမြင်ဖူးတဲ့ လူတစ်ယောက် ဒုက္ခရောက်နေတာကို
ကယ်ဆယ်ရေးပစ္စည်းဆိုလို့ ကြိုးတစ်ချောင်းတောင်မပါဘဲ
အသက်တစ်ချောင်းကို အသက်တစ်ချောင်းနဲ့ ရင်းပြီး
ကူညီကယ်ဆယ်ဖို့ဆိုတာ တော်ရုံစိတ်ထားမျိုးနဲ့တော့ မဟုတ်နိုင်ဘူး။

လေးစားဂုဏ်ပြုထိုက်သူတစ်ယောက်မို့
တတ်နိုင်သမျှ မိမိပိုင်ဆိုင်ရာကမ္ဘာလေးကနေ
ဂုဏ်ပြုလိုက်ရပါတယ်ရှင်။
Respect 🙏

Video link ပါ 👉 https://www.facebook.com/sheine.moezet.39/videos/166265987395439/

Photo Credit

လူတော်လူကောင်း | Ecency