အမေ(သို့မဟုတ်)ဘဝပုံဖော်ပေးသူ

Words
76
Reading
1 min
Listen
Play
9y

အမေ(သို့မဟုတ်)ဘဝပုံဖော်ပေးသူ


ပြောပြခွင့်ပြုပါ

ကျနော့ဘဝကို ထုဆစ်သူ တစ်ယောက်အကြောင်း

သူ့ဘဝ တည်ရှိမှုက တင်ဆက်လောက်အောင်

မခမ်းနား ပေမယ့် တင်ဆက်ထိုက်သူပါ။

သူ့မေတ္တာက အေးမြတယ်

သူ့စေတနာက ဖြူစင်တယ်

သူ့အပြုံးက နွေးထွေးတယ်

သူမှာ

မှောဆန်ဆန် အားမာန်တွေရှိတယ်

သူ ရှိလို့ ဘဝမုန်တိုင်းမထန်တာ

တိမ်ပြိုတဲ့ နေရက်အချို့ ရှိခဲ့တယ်။

သူ့ဘဝမှာ

လုံခြုံမှု မရတာကြာပေါ့

ဒါပေမယ့်

ကျနော့အတွက် လုံခြုံမှုပေးခဲ့တယ်

သူ့ဘဝမှာ

မှီခိုရာ ကင်းပတာကြာပေါ့

ဒါပေမယ့်

ကျနော့ကို မှီခိုရာပေးခဲ့တယ်

သူ့ဘဝမှာ

လမိုက်ည ဖြတ်လျှောက်ရတာကြာပေါ့

ဒါပေမယ့်

ကျနော့ကိုလမ်းပြပေးခဲ့တယ်

ကျနော့အတွက်

လိုအပ်ရင် သူ့ဘဝကို တံတားဖြင့် ခင်းပေးတယ်

သူ့စိတ်က

နူးညံ့တယ် သိမ်မွေ့တယ်

တစ်ခါတစ်ခါ ကျောက်ဆောင်လို မာကျောတယ်

သူဆိုတာ

မိန်းမသား

အားငယ်တတ်တယ်

ငိုကြွေးတတ်တယ်

အသိ တစ်ချက်မှားရင်

ရူးသွားလောက်တဲ့ သောက

သူ့မှာ ရှိတယ်

သူအားပေးတယ်

”ငါ့သား အားမငယ်နဲ့ အမေ ရှိတယ်”တဲ့

အမေက အခုထိ

  • item1. item
    သူ့ရုပ်လုံးကို ထုဆစ်ရင်း........

#credit nyi.။

အမေ(သို့မဟုတ်)ဘဝပုံဖော်ပေးသူ | Ecency