အကြွေး

mghan(44)
Published in
#busy
Words
138
Reading
1 min
Listen
Play
9y

D31A8D6D-9851-4DD3-AE5E-55C38C1BC039.jpegPhoto Credit From Google
တစ်ခါကသူငယ်ချင်း သုံးယောက်ရှိပါတယ်။ ကျွန်တော်အပါအဝင်ပေါ့လေ။ GTI ကျောင်းမှာစတင်ပြီးတော့ တွေ့ခဲ့တဲ့သူငယ်ချင်းတွေပါ။ ကျောင်းထဲ မှာကတော့ အရက်သေစာ လောင်းကစား အစရှိတာတွေ ကင်းစင်တဲ့နယ်မြေပေါ့ဗျာ။ ဒါပေမဲ့ ဒီကျောင်းသားတွေက ဒီလိုအရာတွေနဲ့ 100% မှာ 1 ယောက်တော့ ပါတာပေါ့။ ဒါက ကျွန်တော့်သူငယ်ချင်းတွေပါလာပါတယ်။ ကျွန်တော်တို့သုံးယောက်က အရမ်းတွဲဖြစ်ပါတယ်။ ကျောင်းသွားကျောင်းပြန်အတူတူ ပဲလေ။ ကျောင်းပြန်ဆင်းချိန်တိုင်းသူတို့က အိမ်ကိုတန်းမပြန်ကြဘူး။ ကျွန်တော်ကတော့ အိမ်ကိုပဲ ပြန်ချင်တာ။ ဘာလို့လဲဆိုတော့ အိမ်ပြန်တာနဲ့ ဖုန်းထဲကနေပြီး ပိုက်ဆံရှာနည်းတွေကို စပြီးလေ့လာနေတာကိုး။ ပိုက်ဆံရင်းရတဲ့ site တွေပေါ့ဗျာ။ ဟိုနှစ်ယောက်ကဘယ်ဟုတ်မလဲ မှတ်တယ် ဘောပွဲ လောင်းနေကြတာ ကျွန်တော်ကတော့ဘောလုံးလောင်းကစားဝါသနာမပါဘူး။ သိလည်းမသိဘူး။ အဲ့ဒါကလည်းကောင်းပါတယ်။ တစ်နေ့ကျွန်တော့်ဆီက ပိုက်ဆံချေးတယ် သုံးသိန်းလောက်တဲ့။ အဲ့လောက်အများကြီးတော့ ကျွန်တော်မှာ ဘယ်ရှိမှာလည်းဗျ။ တစ်နေ့မှ မုန့်ဖိုး 1500 ကျပ် ရတာ။ ဒါပေမဲ့ ကျွန်တော် မှာရှိတဲ့ computer လေးရောင်းမလို့လုပ်ထားတာ ဒါနဲ့ သူတို့ကိုချေးမယ်လို့စိတ်ကူးမိသွားတယ်။ ချေးတာကလည်း ငိုငိုရယ်ရယ် မို့ပါ။ compter ကို ရောင်းတော့ သုံးသိန်းရတယ် တစ်သိန်းကိုတော့ ကျွန်တော်ရတာပေါ့လေ ကျန်နှစ်သိန်းကို ချေးလိုက်မိပါတယ်။ သူတို့က နှစ်ပါတ်ကြာရင်ပြန်ပေးမယ်ပြောထားတယ်။ ဒီလိုနဲ့ သူတို့ကိစ္စပြီးတော့။ နှစ်ပါတ်ရောက်တယ်ပေါ့ဗျာ ကျွန်တော့်ကို မပေးသေးဘူး ဟိုရက်ရွေ့ဒီရက်ရွေ့လုပ်ပါတယ် သူငယ်ချင်းအချင်းချင်းဆိုတော့ ခဏခဏ မတောင်းချင်ဘူးလေ ဒီလိုနဲ့ ကျောင်းကပိတ်ခါနည်းလာတယ် သူတို့ကျွန်တော့ရဲ့အကြွေးကို မပေးပါဘူး။ သူတို့နှ်ယောက်ကိုချေးတာ ပထမဦးဆုံးလို့မှတ် မိပါတယ်။ ဒါကိုဒီနေ့အထိ မေ့လို့မရအောင် မှတ်မိနေဆဲပါ။ ကျွန်တော့်ရဲ့အကြွေးကိုဒီနေ့ထိမပေးသေးဘူး။ သူတို့ကတော့ ကျွန်တော့်ရဲ့ fri list မှာမရှိလောက်အောင်ဖြစ်သွားခဲ့ပြီ။ အကြွေးဆိုတာယူပြီးပြီးရင်ပြန်ဆပ်ရစမြဲပါ။ သူတို့ကို ဒီလောက်ချေးတာ သူတို့ရဲ့အဖေတော့မဟုတ်ပါဘူး။ ငွေချေးတဲ့သူနဲ့ ငွေချေးခံရသူက ချေးတဲ့သူက နစ်နာပါတယ်။ အကြွေးကြောင့် သူငယ်ချင်းတွေမိတ်ပျက်စေပါတယ်။ steemit fri တွေရော အကြွေးတွေဘာတွေရှိရင် ပြန်ဆပ်ကြပါ။ နောက်ပြီးကိုယ့်ဆီကနေတော့ အချေးမခံကြပါနဲ့။ မိမိချေးမဲ့ပိုက်ဆံက ပိုလျံနေလို့လားဆိုတာစဉ်းစားပါ။ ကူညီချင်တယ်ဆိုရင် ကူညီလိုက်ပါ အကောင်းဆုံးပါပဲ။ ရှုပ်ရှုပ်ယှက်ယှက်လုပ်မိရင် ဘယ်လိုတွေခံစားရလဲဆိုတာ တနေ့တနေ့ ခံစားလို့ပြီးမှာမဟုတ်ပါဘူး။ ငွေကြေးနဲ့ပတ်သပ်ရင် ဂရုစိုက်ပြီးလုပ်ဆောင်ကြပါ။
ကျေးဇူးတင်ပါတယ်။
author- mghan@mghan
RSM-1