To sliming bodies 😀

mefone(30)
Published in
#mefone
Words
176
Reading
1 min
9y
Listen to this post
~1 min

ရက် ၃ဝအတွင်း ဝမ်းဗိုက်အဆီတွေကျပြီး လုံးဝချပ်ရပ်သွားစေဖို့...

၁။ ပက်လက်အိပ်ပြီး ဒူးကွေးထားပါ။ ညာဘက်လက်ကို ရင်ဘတ်ပေါ်တင်ပြီး ညာခြေထောက်ကို ဘယ်ဘက်ဒူးပေါ်တင်ပါ။ ဘယ်ဘက်လက်ကို ခေါင်းအောက်မှာထားပြီး ခေါင်းကို မတင်ပါ။ ပြန်ချပါ။ ၁ဝ ကြိမ်ပြုလုပ်ပြီး ဘယ်ဘက်အနေအထားကို တစ်လှည့်ပြန်ပြောင်းပါ။

၂။ ဒူးထောင်ပြီး ပက်လက်အိပ်ပါ။ ဦးခေါင်းမပါဘဲ ခန္ဓာကိုယ်အောက်ပိုင်းနဲ့ ကျောပြင်ကို မတင်ပါ။ ပြန်ချပါ။ အကြိမ် ၂ဝ ပြုလုပ်ပါ။

၃။ ဒူးအနည်းကွေးပြီး ခန္ဓာကိုယ်ကို ဘယ်တစ်လှည့်၊ ညာတစ်လှည့်စောင်းပေးပါ။ အကြိမ် ၂ဝ ပြုလုပ် ပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ လေးဘက်ကုန်းပြီး ဒူးထောက်ပါ။ ခြေထောက်တစ်ဖက်ချင်းစီကို နောက်ဘက် ဆန့်ထုတ်ပါ။ တစ်ဖက်ကို ၁ဝ ကြိမ်ပြုလုပ်ပါ။

၅။ လက်နှစ်ဖက်ကို ဘေးဘက်အတန်ငယ်ကားပြီး ခြေခပ်ကျဲကျဲခွဲရပ်ပါ။ ခြေနှစ်ချောင်းကို ဆွဲစေ့ပါ။ ပြန်ကားပါ။ ၁ဝ ကြိမ်ပြုလုပ်ပါ။

၆။ ညာဘက်တံတောင်ဆစ်ပေါ် ခေါင်းတင်ပြီး ညာဘက်တစောင်းလဲလျောင်းပါ။ ဘယ်ဘက်လက်ကို သက်တောင့်သက်သာထားပါ။ ညာခြေထောက်ကို အပေါ်ဆန့်လိုက် ပြန်ချလိုက်လုပ်ပါ။ ပြီးရင် ဘယ်ဘက်လှည့်ပြီး အထက်ပါအတိုင်းပြုလုပ်ပါ။ တစ်ဖက်ကို ၁၅ ကြိမ်ပြုလုပ်ပါ။

၇။ လက်သီးဆုပ်နှစ်ဖက်ကို ရင်ဘတ်အနီးမှာကပ်ပါ။ ခြေနှစ်ချောင်းကို အတန်ငယ်ခွဲရပ်ပြီး ခပ်ကွေးကွေးထိုင်ပါ။ အောက်အထိမထိုင်ဘဲ ပြန်ရပ်ပါ။ ၁၅ ကြိမ်ပြုလုပ်ပါ။

၈။ ပက်လက်အိပ်ပြီး ခြေအစုံကို နံရံပေါ် ကန်ထားပါ။ ခြေထောက်ကို အားယူပြီး ခန္ဓာကိုယ် အောက်ပိုင်းကို အပေါ်မတင်လိုက် ပြန်ချလိုက်လုပ်ပေးပါ။ ၁ဝ ကြိမ်ပြုလုပ်ပါ။

၉။ ပက်လက်အိပ်ပြီး လက်နှစ်ဖက်ကို သက်တောင့်သက်သာချထားပါ။ ခြေထောက်နှစ်ဖက်ကို လေထဲ လမ်းလျှောက်သလို ကစားပေးပါ။ အကြိမ် ၂ဝ ပြုလုပ်ပါ။

၁ဝ။ ပက်လက်အိပ်ပြီး လက်နှစ်ဖက်ကို သက်တောင့်သက်သာချထားပါ။ ခြေထောက်နှစ်ချောင်းကို ကြမ်းမှ အပေါ်အထိ မြှောက်လိုက်ချလိုက်လုပ်ပေးပါ။ တစ်ဖက်ကို အကြိမ် ၂ဝ ပြုလုပ်ပါ။

၁၁။ ကြမ်းပေါ်ပက်လက်အိပ်ပြီး ခြေထောက်နှစ်ချောင်းကို နံရံပေါ် ခပ်ဆန့်ဆန့် မြှောက်တင်ပြီး တစ်ဖက်စီ နံရံကို ထိလိုက် ခွာလိုက်လုပ်ပါ။ ၁၅ ကြိမ်ပြုလုပ်ပါ။

၁၂။ ကြမ်းပေါ်အိပ်ပြီး ခြေထောက်တွေကို အတန်ငယ်ကွေးပြီး နံရံပေါ်တင်ထားပါ။ ခြေထောက်ကို နံရံမှာကန်ကာ အားပြုပြီး လမ်းလျှောက်တက်ပါ။ လမ်းလျှောက်ဆင်းပါ။ ၁ဝ ကြိမ်လုပ်ပေးပါ။

၁၃။ ကြမ်းပေါ်အိပ်ပြီး ခြေထောက်နှစ်ချောင်းကို နံရံပေါ်မတ်မတ်တင်ထားပါ။ လက်တွေကို ဆန့်တန်းပြီး ခါးမတ်ကာ ခြေဖျားထိပ်ကို လှမ်းထိပါ။ ၁ဝ ကြိမ်ပြုလုပ်ပါ။

၁၄။ ပက်လက်အိပ်ပြီး ခြေထောက်နှစ်ချောင်းလုံးကို ခြေစုံမြှောက်လိုက် ချလိုက်လုပ်ပါ။ ၁၅ ကြိမ်ပြုလုပ်ပါ။

၁၅။ ခေါင်းအောက်မှာ လက်နှစ်ဖက်ခုပြီး အိပ်ပါ။ ဒူးနှစ်ဖက်ကို အတန်ငယ်ကွေးပြီး အိပ်ထမတင် လုပ်ပါ။ ၁၅ ကြိမ်ပြုလုပ်ပါ။image.jpeg

To sliming bodies 😀 | Ecency