ချစ်သူများနေ့ 
မင်္ဂလာပါမြန်မာ
ချစ်သူများနေ့ အတွက်စာရေးချင်နေတာ နှစ်တော်တော်ကြာပါပြီ မအားတာရောအကြောင်းအမျိုးမျိုးကြောင့် နှစ်အဆက်ဆက်မရေးဖြစ်ခဲ့ပါဘူး ဒီနှစ်တော့ နဲနဲရေးသားပါရစေ။
မြန်မာလူမျိုးတွေဟာ အတိတ်မှာ သိပ်ယဉ်ကျေးခဲ့ကြပါတယ်။ ယခုရေးချင်တာက ပုတ်ခတ်ရေးသား နှိမ်ချဖို့ ထက် ဖြစ်သင့်တာကို ခေတ်အနေအထားအလိုက် အကောင်းဆုံးဖြစ်အောင် ရေးချင်ပါတယ်။ကြီးကြီးကျယ်ကျယ်ရေးရမယ်ဆိုရင်တော့ "မြန်မာအမျိုးသမီးတွေဟာ အရှက်နဲ့လူလုပ်တာ အစဉ်အလာယဉ်ကျေးကြတယ် ချစ်သူများနေ့တွေမှာ အလွယ်တကူ ပုံမအအ်သင့်ဘူး ဒါသိပ်ရှက်စရာအလုပ် အာ့လိုလုပ်သူတွေက အဆင့်မရှိတဲ့မိန်းမ " ဒါ အများစု ထင်မြင်ပြောဆိုချက်တွေပေါ့
ခုအာ့ရှုထောင့်က မရေးချင်ပါဘူး အကောင်းဆုံးဘယ်လိုရွေးချယ်မလဲ ကိုပဲဆွေးနွေးချက်အနေနဲ့ရေးသားချင်ပါတယ်။
မြန်မာနိုင်ငံဟာ လွန်ခဲ့သောနှစ်များစွာက ချစ်သူများနေ့ ကို ခမ်းခမ်းနားနား လူတိုင်းပါဝင်ဆင်နွှဲခြင်းမရှိပါဘူး ။ ထို့ အတူ ဟော်တယ် မိုတယ် အအေးခန်း ဧည့်ရိပ်သာတွေလည်း ခုလောက် မပေါများသေးပါဘူး ။ ခေတ်မှီလာတယ်ပြောရမလား ခေတ်ပျက်လာတယ်ပြောရမလား မသိတော့။ ယခုအချိန်မှာတော့ ချစ်သူများနေ့ ကို တော်တော်များများပါဝင်ဆင်နွှဲလာကြပါတယ် ။ထို့ အတူ တည်းခိုခန်းတွေလည်းများပြားလာပါတယ်။ ကျန်ခဲ့တဲ့နှစ်တွေမှာ ချစ်သူများနေ့ဟာ တည်းခိုခန်းတွေအခန်းမအားအောင် စည်ကားတယ်လို့  ကြားမိပါတယ် ။ဒီနေရာက အဓိက ကျခြင်းစလာပါပြီ ။ ချစ်သူများနေ့မှာ ချောကလက်စား လျှောက်လည်တာဟာ ဘဝရဲ့အပစ်အမဲစက်မဖြစ်နိုင်ပါဘူး ။သို့ သော် တည်းခိုခန်းထိ လိုက်ပါ ကျူးလွန်မိလျှင်တော့ အချိန်မရွေး ဘဝအမဲစက်ဖြစ်သွားနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဗမာ့ရှေးအစဉ်အလာအယူအဆကြောင့်ပါ ။ living together ဆိုတဲ့အနေအထားကို မြန်မာပြည်က နားလည်လက်ခံမပေးပါဘူး ။ ဒါဟာလည်း မကောင်းတဲ့အယူအဆလို့ ပြောမရပါဘူး ။ မြန်မာတွေရဲ့ ယဉ်ကျေးတဲ့အစဉ်အလာလို့ ပဲ ခံယူတာပိုကောင်းပါတယ် ။ဒါ့ကြောင့် ချစ်သူများနေ့ မှမဟုတ် လက်မထပ်ပဲအတူနေသူများကို မြန်မာတွေဟာ ပြင်းထန်စွာတားမြစ်သလို ပြင်းထန်စွာရှုတ်ချပါတယ် ။ ဒီနေရာမှာတော့ နဲနဲရှုပ်လာပါပြီ ။ ပြင်းထန်စွာတားမြစ်တာဟာ တကယ်ကောင်းသော အပြုအမူ အစဉ်အလာတစ်ခုပါ ။ ရှုပ်ချသောအခါမှာတော့ လူတစ်ဦးကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်လာစေပါတယ် ။ ဒီနေရာမှာ အမျိုးအစားစကွဲလာပါပြီ ။
ပထမ အမျိုးအစားဟာ ကိုယ်တိုင် ဆုံးဖြတ်ချက်နဲ့ လုပ်ကိုင်ခြင်းဖြစ်လို့  တခြားဘယ်သူကမှထိန်းချုပ်လို့ မရပါဘူး ။ မိမိကိုယ်ကို မိမိကိုယ်တိုင်ထိန်းချုပ်တာသာအကောင်းဆုံးပါ ။ မလုပ်ပါနဲ့ မသွားပါနဲ့တားလျှင်လည်း သူလုပ်မည်ဆုံးဖြတ်ထားလျှင်တားလို့ ရမည်မဟုတ်ပါ ။ ထို့ ကြောင့် ဆုံးဖြတ်ချက်တိုင်း သေချာဆုံးဖြတ်ဖို့ လိုပါသည် ။နောင်တရစေသော ဆုံးဖြတ်ချက်မဖြစ်ပါ စေနှင့် ဟုသာ ပြောချင်ပါသည် ။ မြန်မာပြည်သည် living together ကို လက်မခံသေးပါ ။ သတိနှင့်ဆုံးဖြတ်သင့်ပါသည် ။ အဘယ့်ကြောင့်ဆိုသော် မိန်းမများသည် ယောက်ျားများထက်ပို၍ အပြောခံရတတ်ပါသည်။
ဒုတိယအမျိုးအစားကတော့အပျော်အပါးကြောင့် ဒုက္ခရောက်တတ်သူများသာဖြစ်ပါသည်။ မထင်ထားသောအရာများ မဖြစ်နိုင်ဟုထင်ထားသောအရာများသည် မျက်စိတမှိတ်အတွင်းဖြစ်တတ်ပါသည်။ ရှေးလူကြီးများဆုံးမသောစကားမှာ အပျော်မမက်ကြနဲ့ ဟူ၍ဖြစ်သည် ။ မှန်ပါသည် အတိုင်းထက်အလွန်အပျော်လိုက်တာမျိုးရှောင်သင့်ပါသည်။ ယခုခေတ်တွင် ခေတ်စားလာသောပုံစံမှာ အရက် ဝိုင်သောက်မှ ခေတ်မှီသည်ဟု ထင်ခြင်းဖြစ်ပါသည်။ လွဲမှားသောအယူအဆတစ်ခုမှာ ဆိုးဝါးသောဒုက္ခများပေးတတ်ပါသည်။ အပြင်လည်စဉ် လူအများရှိနေသောနေရာသည် အချိန်မရွေးပြသနာဖြစ်စေနိုင်ပါသည်။ ထို့ အတူ အချိန်မရွေး အန္တရာယ်ဖြစ်လာနိုင်ပါသည် ။ မိန်းကလေးတစ်ယောက်အမူးလွန်နေလျှင် များစွာအန္တရာယ်ကြီးလှပါသည် ။ထို့ ကြောင့် သတိပြုရှောင်ရှားသင့်သည်။ အကယ်၍ မဖြစ်မနေသောက်ချင်သည် သောက်ရမှပျော်မည် အလွန်ကြိုက်သည်ဆိုပါက မိမိအိမ် သို့  မိမိအတွက်လုံခြုံသောနေရာတွင်သာ သောက်သင့်ပါသည်။ သို့ မှသာ အန္တရာယ် ကင်းပါမည်။ သတိမပြုပဲ အပျော်မက်မည် ဆိုပါက မထင်ထားတာများဖြစ်တတ်ပါသည်။
၃ အလိုမတူပဲဘဝပျက်ရသူများသည် အနစ်နာဆုံးဖြစ်ပါသည် ။ သတိပြုသွားလာသင့်ပါသည် ။နေထိုင်သင့်ပါသည်။ မသွားသင့်သောအချိန် မသွားသင့်သောနေရာ မပေါင်းအပ်သောသူ စသည်တို့ ကို သတိပြုရပါမည်။ ထို့ နောက်မည်သူကိုမှမယုံကြည်ရန်လည်း လိုအပ်ပါသည်။ ကိုယ့်ကိုယ်ကကျူး ကိုယ်ဒူးတောင်မယုံနှင့်ဆိုသောစကားသည် သတိပြုဖွယ်မမေ့အပ်သောစကားဖြစ်ပါသည်။မြန်မာနိုင်ငံသည် ယခုအခါအထိမ်းအမှတ်နေ့ များတွင် သောက်စားတတ်လာကြသည် မူးတတ်လာကြသည်။ မူးသောသူသည် ချီးကျွေးလျှင်မစားပေ သို့ သော် မိုက်မှားသောအမှုကို ပြုရန်အလွန်စိတ်အားထက်သန်တတ်ပါသည် ။ ထို့ ကြောင့် သတိပြုရပါမည်။ ကိုယ့်အန္တရာယ် ဖိတ်ခေါ်နေသည့်အဝတ်အစားများကိုလည်းမဝတ်သင့်ပါ။ အလှချင်လွန်၍ ဖော်ပြနေခြင်းမျိုးသည် ကြီးစွာသောအန္တရာယ်ဖြစ်စေပါသည်။ မိန်းကလေးနှင့်ယောက်ျားလေး မည်မျှရင်ဘောင်တန်းသည်ဆိုစေကားမူ အင်အားချင်းမမျှသည်ကို သတိပြုရပါမည်။ မြန်မာပြည်သည် ယခုအခါတွင်အရင်ကကဲ့သို့  မုဒိန်းမှုသားကောင်ဖြစ်ခဲ့ရသောအမျိုးသမီးများကို နိမ့်ချခြင်းထက်စာနာခြင်းများပေးလာကြသည်။ မှန်ပါသည်။ သို့ သော် ၁၀၀ရာနှုန်းမဖြစ်သေးပေ ။ အဘယ်ကြောင့်ဆိုသော် စာနာကောင်းစာနာကြမည် ထိုစာနာသူများ၏မိသားစုဝင်တစ်ယောက်နှင့်လက်ထပ်မည်ဆိုလျှင်တော့ ပြင်းထန်စွာတားမြစ်ကြပါလိမ့်မယ်။ ထို့ ကြောင့် အခြေအနေရှုပ်သောနေရာများသို့  အခြေအနေရှုပ်သောအချိန်များတွင်အထူးရှောင်ရှားသင့်ပါသည်။ အိမ်တွင်နေသည်ပင်မလုံခြုံသောအခြေအနေများကြောင့် မုဒိန်းမှုများဖြစ်နေသည်မှာ လက်တွေ့ဖြစ်နေပါသည် ။သတိပြုစေချင်ပါသည်။
ဤနေရာတွင်အမျိုးသားထုများအတွက်လည်း ထည့်သွင်းရေးချင်ပါသည်။ ယောက်ျားကောင်း ယောက်ျားမြတ်ဟူ၍လည်း စကားကြီးစကားကျယ်မရေးချင်ပါ ။ အမျိုးသားတို့ အနေဖြင့်လည်း ကိုယ်ကျူးလွန်မည့်မိန်းကလေးကို တကယ်လက်ထပ်နိုင်မည်လား ယောက်ျားတာဝန်ကျေနိုင်မည်လား စဉ်းစားသင့်ပါသည်။ ကိုယ်ချင်းစာစိတ် စာနာစိတ်ရှိရပါမည်။ နှမ အစ်မ မရှိလျှင်တောင် မာတာမိခက်ရှိကြသူချည်းသာဖြစ်ပါသည်။ ချင့်ချိန်တိုင်းထွာ စာနာကြပါဟု ပြောချင်ပါသည်။
ချစ်သူများနေ့ တွင် ချစ်သောသူများနှင့် အေးချမ်းစွာပျော်ရွှင်ကြပါစေ ။ မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ ဟုဆန္ဒပြုလျှက် စာကို ဤနေရာပင် နိဂုံးချုပ်လိုက်ပါသည်။
သြဘာခင်