နှုတ်ခမ်းပါးမှာ သာတဲ့လ
လူသားချင်းစာနာမှု
လူ့ အခွင့်အရေး
ကိုယ်ချင်းစာမှုစကားလုံးထဲ
ကျွန်မကြီးပြင်းခဲ့ရပေါ့
ခုထိ ရှာဖွေနေဆဲပါဘဲ
နဂါးအိုရဲ့ လွမ်းမောအကြည့်နဲ့
ကမ္ဘာကို အခါခါနှုတ်ဆက်ချိန်
၁၀စုနှစ်မှတ်တိုင် ရထားအိုကကျော်လာခဲ့ပြီ
လူ့ အခွင့်အရေးကြား
လူသားချင်းစာနာမှုကို
ဆက်လက်ရှာဖွေဆဲ သည်ခရီး
ပန်းတိုင်မတွေ့သေးဘူး
ရှာဖွေလေ တွေ့ရှိလေ ရ ရှိမှုတွေပိုက်
လူ့ အတ္တစီးကြောင်းကြား
မြုတ်တစ်လှည့် ပေါ်တစ်လှည့်နဲ့
မျှော်လင့်ချက်တို့ ဖူးတံစို့ တိုင်း
အခါခါ ကြွေကျမြေခရရှာပေါ့။
Meechit
hfs GA8