အသင်တို့ သိလား
အရွယ်ငယ်ငယ်ဆံချ
ပူလွန်တဲ့ဘဝမို့ 
လူ့ ဘောင်စွန့်ပစ်
သာသနာစစ်ထံ
ခိုဝင်ပြန်လည်း
ပုထုဇဉ်ပါဘဲ။
သာသနာ သား
ခန္တီသမားပေမို့
ဘယ်သူမှအပစ်မဆိုသာဘူး
ပြောကြတဲ့စကား
အငြိမ့်သားထိုင်စားနေတာတဲ့
မဝါးမိပါဘူး
ငါးခုံးမပုတ်တစ်ကောင်ကြောင့်
တစ်လှေလုံး နံစမြဲမို့ 
ခေါင်းငုံ့ ခါခါ
ဆွမ်းစားတိုင်း အသဲနာမိပေါ့။
အလင်မရောက်ခင် နိုးထ
သာသနာ ဝတ် မလစ်ရ
ညနေစာလည်း ကျုပ်တို့ မစားရဘူး
ဝိနည်းထိုထို သိက္ခာပုဒ်များစွာကြား
ကျဉ်းကြပ်စွာ လျှောက်လှမ်းနေတဲ့
အသက်ရှူသံတွေ ကြားမိကြလား
မညည်းဘူး ဘုရားသားမို့ 
ပုထုဇဉ်သဘာဝ ခံစားမိယုံလေး။
လူသားချင်းစာနာမှု
တွင်တွင်ပြုတဲ့ သည်ခေတ်မှာ
မိုးတွေဟာ ကွက်ရွာတယ်
နေပူကြမ်းက စာဖတ်လမ်းဟာ
အပိုတာဝန် ဘာသာအမြင်တွေပျောက်
ရိုက်ခတ်မှုကြား ကျုပ်တို့  ခြေလှမ်းမမှားရဲဘူး။
တာဝန်ပါဘဲ
အသင်တို့ ဆိုတဲ့
အငြိမ့်သား ထိုင်စားပီး
မိုးမသောက်ခင်က ညနေထိ စာအံ
လောကီတာဝန်ထမ်း
လောကုတ္တရာလမ်းဖောက်
ဆွမ်းခံ ဆွမ်းဆန်ံစိမ်းနေပူလမ်း နဲ့
မအားတမ်းကျင့်ဆောင်နေတဲ့ ဝိနည်းတွေကြား
ညသန်ခေါင်ထိ လုပ်သင့်တာတွေမပီးဘူး
အသက်ရှူသံတွေဟာ
အငြိမ့်သား လေးလံလို့ ပေါ့
အသင်တို့ သိလား
ကျုပ်တို့ အငြိမ်သား နဲ့
ဒီသင်္ကန်းကို ကျဉ်းကြပ်စွာ မြတ်နိုးနေတာ
အသင်တို့ သိလား။
အသင်တို့ သိပါသလား။
meechit
hfs GA8