အရုဏ်ကျင်းချိန်
ဝါတွင်းကာလများ၏ အရုဏ်ဦးဆွမ်းခံထွက်ကြသော ရဟန်းများအား ဆွမ်းချက်လောင်းလှုသူများကို တွေမြင်နိုင်သည်။ချစ်စရာမြန်မာဓလေ့တစ်ခုလည်းဖြစ်သည်။
အရုဏ်ဦးကို မင်္ဂလာကျက်သရေဖြင့် စတင်တက်ကြသော ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ ၏ကောင်းသော ဓလေ့ ဖြစ်သည်။မိုးရာသီချိန်ဖြစ် ၍ မိုးစိုစိုတွင် မြန်မာတို၏ ဒါနဆွမ်းလောင်းပွဲသည် ပျက်ကွက်သည် မရှိပေ။အရုဏ်ဦး တွင်ဆွမ်းခံကြွလာသော ရဟန်းများကို ဆွမ်းလောင်းရင်း ပီတိ ပွားစေသည်။
ဆောင်းရာသီ၏ နံနက်ခင်းမူ နှင်းမူ နှင်းမှုန်တို သိပ်သည်းစွာကျနေသည်။နေမင်းသည် အလင်းရောင်ကို မထိုးဖောက်နိုင်၍ ချမ်းအေးမှုကြာရှည်လွန်းလှသည်။
ထို မှုန်ရီဝိုးတဝါးအချိန် ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ကြသူများ လမ်လျှေက်ကြသူများ အပြေးလေ့ကျင့်ကြသူများကို နှင်းမှုန်များကြားတွင် တွေနိုင်သည်။နေခြည်ဖြာမှ နွေးကြရမည်သာဖြစ်သည်။