မျှော်လင့်ခြင်းပင်ပျို

Words
55
Reading
1 min
Listen
Play
8y

background photo.jpg

မျှော်လင့်ချက်တွေ အကြိမ်ကြိမ် ပျက်သုန်းဖူးတယ်
ခိုကိုးရာတွေ အကြိမ်ကြိမ် ဆုံးရှုံးဖူးတယ်
လျှောက်နေတဲ့လမ်းတွေ အကြိမ်ကြိမ် ဖျက်စီးခံခဲ့ရဖူးတယ်
ပြေးနေတဲ့ခြေတွေ အကြိမ်ကြိမ် ရိုက်ချိုးခံခဲ့ရဖူးတယ်
ဒါပေမယ့် ဘယ်တော့မှမလျော့တဲ့ဇွဲနဲ့ အကြိမ်ကြိမ် ကြိုးစားနေတုန်း ၊
အချစ်လို့ခေါင်းစဉ်တပ်ပြီးချုပ်နှောင်ထားတဲ့သူတွေဘေးကနေ အကြိမ်ကြိမ်ထွက်ပြေးဖို့ ကြိုးစားဖူးတယ်
ဒါပေမယ့်လည်း ပင့်ကူမျှင်ထောင်ပေါင်းများစွာထဲမှာ ကပ်ငြိနေသလို
လှုပ်လေနစ်လေ နွံအိုင်ထဲမှာ ရုန်းကန်နေရသလို
ပင်လယ်ထဲမှာရွက်မရှိဘဲ တက်မဲ့ မျောပါနေသလို
လူတစ်ယောက်ရယ်လို့ဖြစ်သော်လည်း သူတပါးဆန္နနှင့်ကိုယ့်ခန္တာတွဲစပ်ထားရသောအခါ
ကိုယ့်ကိုယ်ကို လူတစ်ယောက်ပါလို့ မခံစားမိတော့ဘူး
ခန္တာတစ်ခု စိတ်တခု ပိုင်ဆိုင်ထားတဲ့သူတွေကိုလူလို့ခေါ်ကြတယ်
တချို့လူတွေကဘာလို့များ ကိုယ့်ခန္တာအပြင် တပါးသူရဲ့ ခန္တာကိုပါ အပိုထိန်းချုပ်ချင်နေကြတာလဲ
မေးခွန်းတွေ တိတ်တိတ်လေးမေးနေရင်း
ကိုယ်ဟာ တခါတခါ စိတ်ပျက်အားလျော့မိပြန်လေရဲ့
ဒီနေ့ထိတော့ပစ္စုပ္ပန်တိုင်းမှာကိုယ်ဟာ လောင်းရိပ်တွေအောက်ထဲ
ရှင်သန်ဖို့ကျားကုတ်ကျားခဲ ကြိုးစားနေတဲ့ အနာဂတ်ပန်းတွေဝေမယ့်
စိမ်းလန်းစိုပြေ အပင်ပျိုလေးပါ။

green-plants-74.jpg
Source: https://fwallpapers.com/view/green-plants-70

မျှော်လင့်ခြင်းပင်ပျို | Ecency