ပြန်လည်ဆန်းစစ်ရမယ်နော်

maylayko(32)
Published in
#life
Words
67
Reading
1 min
8y
Listen to this post
~1 min

DQmeFN4Q6hUaBcrwqm8J96eqBKXRMtdikmytuvpndNdRNny.jpg
လူအတော်များများကလေ တကယ်ကို အပြောမတက်ကြဘူး အပြောမတတ်တော့ဆဲသလို” ဆိုသလိုမျိုး တစ်ချို့သောသူတွေက ဆက်ဆံရေးကောင်း ပေမဲ့လည်းလေ စကားပြောမတတ်တာကြောင့်ပေါ့ တစ်ခါတလေမှာ အခက်အခဲနဲ့ကြုံရတဲ့အခါမျိုးတွေ ရှိပါလေသည် လုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်နေတဲ့ဝန်ထမ်းတစ်ဦးအတွက်တော့ လူမှုဆက်ဆံရေးကောင်း မွန်ဖို့ဆိုတာကတော့ မဖြစ်မနေ အရေးကြီးဆုံးအချက် တစ်ချက်လို့ ဆို ရမှာပဲဖြစ်ပါလေသည် နောက်တစ်ခုက အလုပ်ရှင်အများစုကလည်းလုပ်ငန်းမကျွမ်းကျင်ပေမဲ့ လူမှုဆက်ဆံရေးကောင်း တဲ့သူတွေကို ပိုမိုအလို ရှိတာကိုလေ့လာမှုပြုထားတဲ့ မှတ်တမ်းတွေအရ တွေ့ရပါလေသည် လောကအလယ် လူမှုဆက်ဆံရေး ကောင်းတယ် မကောင်းဘူးဆိုတာကို ကိုယ်ကပြုမှု လုပ်ဆောင်ရတာဖြစ်ပေမဲ့ တကယ်ဆုံးဖြတ်ပေးတာကတော့ ကိုယ်နဲ့ ပတ်သက်နေတဲ့သူတွေကပဲ ဖြစ်ပါလေသည်။
ကိုယ့်အနားက လူတွေကဘဲ ကိုယ်ဟာ ဘယ်လိုလူစားဆိုတာကို အဆုံးအဖြတ်ပေးတက်ကြပါတယ် အနီးစပ်ဆုံး မှန်ကန်နေတက်ပါတယ် ဒါကို နားလည်တက်မယ်ဆိုရင်လိုအပ်ချက်တွေကို ပြင်ပြီး ကောင်းသည်ထက်ကောင်းအော င်လုပ်ဆောင်သွားနိုင်မယ်မဟုတ်ပါလား ဒီထက်ပိုမိုကောင်းမွန်သောအခြေအနေတွေကိုပိုပြီး အလေးထား ဆောင်ရွက်သင့်ပါတယ်
ကိုယ့်ကို လူတွေက ဝေဖန်တာကို အားလုံး လိုက်ပြီး ဖြေရှင်းနေဖို့မလိုအပ်သလိုဘဲ ကိုယ်တိုင်လည်း ပြန်လည်ဆန်းစစ်ဖို့လိုအပ်တယ်
maylayko@maylayko
photo-google image

ပြန်လည်ဆန်းစစ်ရမယ်နော် | Ecency