မနက်မနက်....သူဆွမ်းတော်တင်တဲ့postတွေအောက်မှာဆို ငါ့မှာ သာဓု၃ကြိမ်အပြေးသွားသွားခေါ်ရတယ်...ပြိတ္တာတွေက သာဓုမခေါ်တတ်ဘူးလို့....ဒင်းမကြားတကြားပြောတာကြားထားလို့လေ...
မနေ့တုန်းက ငါတင်လိုက်တဲ့ ငပိချက်postလေးကို ဒင်းမြင်မယ်...ဒင်းကမြင်ရဲ့သားနဲ့ သောက်ဖက်လုပ်ဖို့ဝေး likeကလေးတောင် မပေးဘူး။ဘယ်ပေးမှာတုန်း ဒင်းကငတ်ကြီးသာကျတတ်တာ ထမင်းဟင်းကျမချက်တတ်ဘူးလေ..သိတာပေါ့ ငါအချက်အပြုတ်ကျွမ်းတာကိုသူမနာလိုနေတယ်ဆိုတာ...
မနေ့ကသူတင်တဲ့ ကျမလှလားဟင်ဆိုတဲ့ပုံကြီးကျ ငါ့မှာငါးပါးသီလအကျိုးခံပြီး လိမ်ရတယ်...လှလိုက်တာသူငယ်ချင်းရယ်...မွမွဆိုပြီးတော့လေ...ဒီလောက်မဲသည်းပိန်ခြောက်နေတဲ့ မီးယပ်ကျိုးမီးယပ်နာရုပ်ကြီးက လှနိုင်ပါ့မလား...စဉ်းစားလေ ဒေါသဖြစ်လေဘဲ။သောက်သည်းပေါက်တာအခုတလောသူက likeရာကျော်လာတာနဲ့ သူ့ကိုယ်သူဆယ်လီဖြစ်ပြီဆိုပြီး ဘဝင်ခိုက်နေတာ။ဘယ်သူ့postမှ သူlikeဖို့ တူတယ်တန်တယ်မထင်တော့ဘူး။ဒင်းအောက်ခြေလွတ်တာများ မိုးမမြင်လေမမြင်ဘဲ။အမှန်ကသူ့ကွယ်ရာမှာ ဟာသလုပ်လုပ်ပြီး အရူးရင့်အောင် လူတွေပင့်နေတာ သူမှမသိဘဲ။
ကြားလိုက်ပါတယ် ဟိုတလောက မြို့လယ်ကဖုန်းဆိုင်မှာ ဆယ်ဖီဆွဲရင် နုဖတ်ပွတ်သပ်ချင်စရာကောင်းအောင်လှတဲ့ ဆယ်ဖီကင်မရာရောင်းပေးပါလို့ ပြောပြီး အော်တိုeffectပါတဲ့ဆမ်ဆောင်းဖုန်းကြီး ဝယ်သွားတယ်ဆိုတာလေ။ဖုန်းဝယ်ပြီး ဟင်းကျငပိရည်နဲ့နှစ်ပါးသွားနေမှာ မြင်ယောင်သေး မကြာပါဘူး...သူ့ပုံကြီးတက်လာတယ်.....ဘာတဲ့ no effect ဖိုတိုဆိုပြီး ဆယ်ဖီကြီးဆွဲပြီးတင်ထားတာ...ရီလိုက်ရတာသူ့စာကိုကြည့်ကြည့်ပြီး...ဒီကောင်မဂွမ်းတာထူတာက နိုင်းလောက်ရှိလို့လေ..အခုနောက်ပိုင်းဆမ်ဆောင်းဖုန်းတွေမှာက 360effectတွေက autoပါလာပြီးသားဆိုတာကိုသူမသိဘူးလေ...ဂွမ်းတာမှ အကြီးကြီးဂွမ်းတာ...သတ္တိရှိရင် ညည်းငါ့အိုင်ဖုန်းနဲ့ ဆယ်ဖီဆွဲကြည့်စမ်းလို့ ပြောချင်တာ ပါးစပ်တွေကို ယားလို့...
ဟိုတလောက သူ့ဦးလေးဆုံးတော့လည်း ငါ့မှာ postတင်ပြီး ဝမ်းနည်းကြောင်းရေးတယ်...ဒင်းက ငါ့အဒေါ်သေတော့ကျ postတင်ဖို့မပြောနဲ့ သောက်ဖက်လုပ်ပြီး ငါတင်တဲ့postအောက်မှာတောင် ဝမ်းနည်းကြောင်းမရေးဘူး...
ဒီကောင်မတော်တော်လူပါးဝနေပြီ...လှုမှုရေးမရှိ လူ့ကျင့်ဝတ်မရှိ....အမှန်ဆို ...ကိုယ့်postကိုlikeပေးဖူးတဲ့သူတို့ commentပေးဖူးတဲ့သူတို့ဆို တလေးတစားနဲ့ likeအသွားအလာလေးလုပ်လေ..ခုတော့ဒီကောင်မကချေနေတာလေ...ချေနေတာဆိုတာ....
ပြီးကြွားသေးတယ်...သူ့ချက်ဘောက်မှာ လာလာမhiကြပါနဲ့..သူ့မှာအိမ်ထောင်ရှိပါတယ်ဆိုပြီး postကြီးတင်တယ်...သူ့ဘယ်သူကလာhiမှာတုန်း သိတာပေါ့..သူ့ဟာသူaccတုတွေလုပ်ပြီး hiနေတယ်ဆိုတာလေ...😂
စူပါဆန်းဒေးဆိုလည်း ပုံတွေတင် ဓာတ်ပုံရိုက်..ဘာတဲ့ ပန်းခြံမှာကဲနေပြီဆိုလား..ပန်းခြံကဲနေတာသာသူကပြတာလေ...ပန်းခြံကစားသောက်ဆိုင်မှာ ဘာစားနေပါတယ်ဆိုတာကျ ဘယ်တော့မှမပြဘူး.,,ဘယ်ပြမတုန်း အိမ်ကနေ ငါးပိရည်ကျိုတို့စရာနဲ့ထမင်းချိုင့်ထုပ်ပြီး သစ်ပင်အောင်ဖျာခင်းစားနေတဲ့ဟာ...ပြီးကြွားသေးတယ်...coachအိတ်ကြီးပြပြီး...သူ့ယောကျာ်းကသူ့မွေးနေ့မှာ ဝယ်ပေးတာ..ယောကျာ်းရေ အိတ်ကြီးလက်ဆောင်မှာပေးတဲ့အတွက်....ချစ်တယ်...မွ မွလို့စာကြီးရေးလို့...အမှန်ကcloneအိတ်ကြီး သိတာပေါ့...coachအိတ်အစစ်တွေက တံဆိပ်ကလေးက စာလုံး၂ခုကြားမှာ အမြဲတပ်တာလေ...တူလွန်းတဲ့အတုတချို့လည်း အဲလိုတပ်ကြတယ် ဒါကျသိပ်မသိသာဘူး..သူ့ဟာကျ တံဆိပ်တပ်ပုံမှားတော့ အရမ်းသိသာနေတာလေ..ကြာတော့ ဒင်းပဲသနားမိရတော့တယ်
ကြည့်နေမယ် ဒီတခါငါ့မွေးမှာ မွေးနေ့ဆုတောင်း လာမရေးလို့ကတော့ ဒင်းနဲ့သေခန်းပြတ် BLOCKပြီလေ..အပိုဆုအနေနဲ့ မဘလော့ခင် သူ့accကို ရပို့ထုထားခဲ့မယ်...
ဒီကောင်မလိုမျိုးတွေအကြောင်းက ပြောရရင်မကုန်သေးဘူး...နောက်ကြုံမှထပ်ပြောပြမယ်...ခုကaccခိုင်မခိုင်စမ်းရေးကြည့်တာ..
အားလုံးအဆင်ကြေပါစေ
Have a Nice Day
written by @mayjuly