This content got low rating by people.

မြန်မာ့ပထမဆုံး

Words
109
Reading
1 min
Listen
Play
8y

မြန်မာ့ရုပ်ရှင်တွေကို စိတ်ဝင်တစားကြည့်ရှုကြတဲ့ ပရိသတ်တွေ များပြားပေမယ့် မြန်မာ့ရုပ်ရှင် စတင်ပေါ်ပေါက်လာပုံသမိုင်းကြောင်းကို သိရှိသူ နည်းပါးပါတယ်။
image
ဘယ်ကဏ္ဍ၊ နယ်ပယ်မဆို လူသိမများခင်မှာ စတင်ခဲ့တဲ့ မြစ်ဖျားခံရာတွေ ရှိစမြဲဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့ရုပ်ရှင်လောကရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားအကြောင်း တင်ပြပေးချင်ပါတယ်။ မြန်မာ့ရုပ်ရှင်အစပျိုးရာလို့ ဆိုရမယ့် ပထမဆုံးရုပ်ရှင်ဇာတ်ကားအမည်ကတော့ “မေတ္တာနှင့်သူရာ” ဖြစ်ပါတယ်။ မေတ္တာနှင့်သူရာ ဇာတ်ကားဟာ ပထမဆုံး အသံတိတ်ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ပထမဆုံးသော မြန်မာ့ရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။ စာရေးဆရာကြီး ပီမိုးနင်းရေးသားတဲ့ ဝတ္ထုကို ရုပ်ရှင်ဖခင်ကြီးလန်ဒန်အတ်ဦးအုန်းမောင်က ရိုက်ကူးထားတဲ့ အင်္ဂလိပ်ကိုလိုနီခေတ် မြန်မာရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ဦးဘကလေး (သို့) ရွှေရိုး၊ မောင်မောင်ကလေး၊ အေးကြည်၊ ကိုငြိမ်း၊ ညီပု၊ အေးကြည်၊ ရီရီစတဲ့ သရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၁၉၂ဝ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့မှာ ရုံတင်ပြသခဲ့တာဖြစ်ပြီး အဲဒီနေ့ကို မြန်မာ့ရုပ်ရှင်နေ့အဖြစ်အထိမ်းအမှတ်ပွဲတွေ သတ်မှတ်ပြုလုပ်ကြလေ့ရှိတယ်လို့လည်း သိရပါတယ်။ လောင်းကစားနဲ့ သေရည်သေရက်ဟာ လူတစ်ယောက်ရဲ့ ဘဝကို ဖျက်ဆီးပစ်နိုင်ကြောင်းကို ပုံဖော်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဦးအုန်းမောင်လို့ ခေါ်တဲ့ လန်ဒန်အတ်ဦးအုန်းမောင်ဟာ မြန်မာရုပ်ရှင်ကို ရှေးဦးစွာတီထွင်ဖို့အတွက် ဘားမားဖလင်ရုပ်ရှင်ရိုက်ကူးရေးကုမ္ပဏီကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီနောက် ဦးညီပုကို ဆက်သွယ်ကာ ပထမဆုံးအသံတိတ်ရုပ်ရှင် “မေတ္တာနှင့်သူရာ” ရိုက်ကူးဖို့ စီစဉ်ခဲ့ပါတယ်။ အဲဒီနောက် မေတ္တာနှင့်သူရာ ခေါင်းစဉ်နဲ့ ရုံတင်ကာ ပြသခဲ့ပါတယ်။ အဲဒီဇာတ်ကားမှာ သရုပ်ဆောင်တွေ၊ ဇာတ်ပို့ဇာတ်ရံတွေ၊ ဇာတ်ညွှန်းရေးဆရာတွေရဲ့ အမည်ကိုတော့ ဖော်ပြထားခြင်းမရှိဘူးလို့ သိရပါတယ်။ ဒီရုပ်ရှင်ဟာ ပထမဆုံးမြန်မာ့ရုပ်ရှင်ဖြစ်ခဲ့ပေမယ့် အရည်အသွေးပိုင်းကတော့ သိပ်မကောင်းပါဘူး။ တပတ်ရစ် ကင်မရာကို အသုံးပြုထားသလို နည်းပညာပိုင်းအရ ဆရာမရှိ၊ သင်ကြားပြသမယ့်သူမရှိခြင်း တွေကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပရိသတ်တွေကတော့ လက်ခံခဲ့ကာ အပြည့်အဝ အားပေးခဲ့ကြပါတယ်။

မြန်မာ့ပထမဆုံး | Ecency