Ayo : A Rain Tale ဟာ သနားစရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ရဲ့ စွန့်စားသွားလာရေး ဂိမ်းတစ်ခုဖြစ်ပြီး ဇာတ် လမ်းသွားဂိမ်းပုံစံမို့ ကစားလို့ အရမ်း ကောင်းပါတယ်။
ဒီဂိမ်းထဲမှာ သင်ဟာ အဓိကဇာတ်ကောင် Ayo ဆိုတဲ့ ကောင်မလေးနေရာကနေ ပါဝင်ကစားရမှာဖြစ်ပါတယ်။ သူမဟာ သူမရဲ့မိသားစုအတွက် ရေကို လိုက်လံရှာဖွေနေရာသူလေးဖြစ်ပြီး လမ်းခရီးမှာ အနရာယ်တွေ၊ အတားအဆီးတွေနဲ့ အခက်အခဲတွေကို အသိဥာဏ်ရှိရှိနဲ့ ရင်ဆိုင်ကျော်ဖြတ်သွားရမှာ ဖြစ်ပါတယ်။ သူမနေထိုင်ရာ သဲကန္တာရကြီးထဲမှာ တစ်ယောက်တည်း စွန့်စားသွားလာရင်း ရေကို မရရအောင်ရှာဖွေပြီး သူမရဲ့ မိသားစုဆီပြန်လည် အရောက်ပို့ပေးဖို့ သင့်မှာတာဝန်ရှိပါတယ်။ ပေါင် 40 လေးတဲ့ ရေထည့်တဲ့ ဗုံးကြီးကို ကျောမှာလွယ်ပြီး လျှောက်သွားကာ ရေကို ရှာဖွေရမှာပါ။ တောင်တက်၊ တောင်ဆင်းတွေ၊ ခုန်ပျံကျော်လွှားတာတွေ၊ တွားသွားတာတွေကို သူ့နေရာနဲ့သူ ပြုလုပ်သွားပြီး နေ့နဲ့ညလည်ပတ်နေတဲ့ Cycle ကြီးထဲမှာ စွန့်စားသွားလာကာ လောကနိယာမပဟေဠိတွေကိုလည်း ဖြေရှင်းသွားရ ပါမယ်။ ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ အဆင့်မြင့်ဇာတ်လမ်းသွား ဂိမ်းတစ်ခုဖြစ်တဲ့ Ayo: A Rain Tale ကို ကစားဖို့အတွက် Android 2.3 နဲ့အထက် လိုအပ်ပါတယ်။
This content got low rating by people.