လူသားတွေကလည်း ပန်းတွေကို ချစ်သလို ပျားပိတုန်းလေးတွေကလည်း ပန်းတွေကို အသဲစွဲဖြစ်နေကြပေသည်။
လောကကြီးက ကိုယ်ကျင်လည်ရာမယ် ပျော်မွေ့ကြပေသည်။ ကျွမ်းကျင်ရာလုပ်ကြတော့ ဘေးကင်းကြတာပေါ့လေ။
ဆွေမျိုးတွေကလည်း မွေးရပ်မြေကို မစွန့်ကြသလို ပျားပိတုန်းလေးတွေကလည်း ပန်းတွေ ရှိသောအရပ်မယ် ပျော်နေပေတော့သည်။
သဘာဝက အလှတွေ ပေးနေပေတော့သည်။ အသိစိတ်တွေ ရင့်ကျက်လာလေ ပျော်စရာတွေကလည်း ကျန်ခဲ့ပေဦးမည်။