စိတ်ထားကောင်းတဲ့ သက်ထား

masterbcc(43)
Published in
#busy
Words
97
Reading
1 min
Listen
Play
8y

ရမည်းသင်းမြို့က အရင်က ရွှေထွက်သော ရွှေတောပွင့်ချိန်က
ရမည်သင်းဈေးအနောက်ဘက်က ဈေးတန်းက တအားစည်လေသည်။
သက်ထားကတော့ ကွမ်းယာဆိုင်လေးဖွင့်ထားကာ တအားရောင်းရလေသည်။
တစ်နေ့ကို ကွမ်းရွတ်အချိန်၂၀ပိဿာလောက် ကုန်တော့ တွက်ခြေကိုက်လေသည်။
မနက်မိုးလင်းကတည်းက ဆိုင်ကိုအစောဖွင့်ထားသည်။ ပါဆယ်ကြိုမှာသူတွေကို နေ့စဉ်ကြိုထုပ်ထားကြလေသည်။
ကျနော်လည်း ကြိုမှာသူတစ်ဦးမို့ သက်ထားကို နေ့တိုင်းတွေ့ရပေသည်။
သက်ထားက ကျနော့်ကို အရမ်းခင်တတ်သည်။ သူ့ဆိုင်ရောက်တာနဲ့ ကျနော့်ကို ကွမ်းတယာအရင်ကျွေးတယ် ။ပြုံးပြတယ် ဆိုင်ကယ်နဲ့ ကားဂိတ်နားကို ကွမ်းခြင်း နေ့တိုင်းသယ်ခိုင်းတတ်လေသည်။
ကျနော်ကလည်း သက်ထားဘာခိုင်းခိုင်းလုပ်ပေးနေချင်သူတစ်ယောက်ဆိုတော့ ကွက်တိဖြစ်နေပေတော့သည်။ သက်ထားက ဝလည်းဝတယ် ။အရပ်လည်း မနိမ့် ကြည့်ကောင်းသူတစ်ဦးပါ။ ကွမ်းကြိုက်သူများကတော့ သက်ထားဆိုင်မယ် ကြိုမှာထားကြသူ လူဦးရေတစ်နေ့ကို ၂၀၀ယောက်ထက်မနည်းရှိလှပေတော့သည်။
သက်ထားက အသက် ၂၅နှစ်လောက်ဆိုပေမယ့် အရမ်းနုပျို လို့ အသက်၂၀လောက်ဘဲလို့ ထင်ကြလေသည်။
ဆိုင်ရှေ့ရောက်တာနဲ့ သက်ထားရေ လို့ နုတ်ဆက်လိုက်တာနဲ့ ကွမ်းတရာကျွေးကြလို့ အားလုံးက ခင်ကြတယ် လေးစားကြတယ် ဖော်ရွေကြတယ် တမြို့လုံးမသိသူမရှိသလောက်ပေ။
သက်ထားက စိတ်ထားလည်းကောင်း သဘောကောင်းရုပ်ချော ဥစ္စပေါဆိုတော့ ချစ်ကြပိုးကြသူတွေကလည်း မနည်းလှပေ။
သက်ထားဆိုင်နားမယ် ဝိုင်းဝိုင်းကို လည်နေလျက်ပေ။
ကျနော်ကတော့လေ
ဆိုင်ရောက်တာနဲ့ သက်ထားရေ ဘာကူလုပ်ပေးရမလည်း လို့ မေးနေကြမို့ သက်ထားက ပြုံးပြပြီးကွမ်းကျွေးလေသည်။
ကွမ်းယာယူစားတိုင်း တအားလှလာတယ် သက်ထားရယ်လို့ ပြောလိုက်တိုင်း စိတ်မဆြိးဘဲ ပြန်ပြုံးပြလို့ ရင်ထဲမယ်ကျေနပ်နေမိပေတော့တယ်။
သက်ထားက သဘောကောင်းပြီး ကျနော့ကို တိုင်ပင်စရာရှိရင် ပထမဆုံးတိုင်တိုင်ပင်လေ့ရှိလေသည်။
ဆက်လက်ဖော်ပြပါမည်။

စိတ်ထားကောင်းတဲ့ သက်ထား | Ecency