Lady lay

masterbcc(43)
Published in
#busy
Words
73
Reading
1 min
Listen
Play
8y

တစ်ခါတုန်းက အပျိုကြီးတစ်ယောက်၊
ယောက်ျားသိပ်လိုချင်လွန်းလို့ ​​ဗေဒင်ဆရာ​ကို အကူအညီ သွားတောင်းသတဲ့၊

ဗေဒင်​ဆရာက
" ဒီည သန်းခေါင်ကျော်မှာ ရွာထဲဝင်ပြီး
စနည်းနာကြည့်ပါ၊
တစ်ဂဏန်း အသံကြားရင် ၁- လအတွင်းရမယ်။
နှစ်ဂဏန်းအသံကြားရင်
၂ - လအတွင်း ရမယ် စသဖြင့်
အတိတ်ကောက်ပေါ့လေ။

ဒါနဲ့ အပျိုကြီးလည်း စနည်းနာ ထွက်သပေါ့၊
ညသန်းခေါင် လူခြေတိတ်ချိန်ဆိုတော့ တစ်ရွာလုံး
ဟောက်သံကလွဲလို့တိတ်ဆိတ်နေတယ်။

ရွာအစွန်နားရောက်တော့မှ အဖိုးအိုတစ်ဦး
ဘုရားဝတ်တက်သံလို သဲ့သဲ့ကြားတော့
ခပ်သုတ်သုတ်ပြေးသွားပြီး နားထောင်တယ်။
စိတ်ထဲကတော့ အပါယ် ၄- ပါးတို့
ကပ် ၃ -ပါးတို့ဆိုတဲ့အသံ ကြားရရင်တော့
မဆိုးလှဘူး။
စောင့်ရ သုံး လေးလပေါ့ အတွေးလေးနဲ့။

အနားရောက်လို့ အသံကွဲကွဲပြားပြား
ကြားလိုက်တာက
" အစိေႏၲယ် အစိေႏၲယ် အပၸေမယ် အပၸေမယ်…
လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း…
ရှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း" !
ဆိုတဲ့အသံကြားလိုက်ရော
အပျိုကြီး လက်နှစ်ဖက်နဲ့ နားကိုပိတ်
ပြေးတော့တာ တန်းနေတာပဲ​လေ.....

https://s3.us-east-2.amazonaws.com/partiko.io/img/masterbcc-lady-lay-1532765825412.png

Lady lay | Ecency