သံသယနွံအပိုင်း(၁)

Words
42
Reading
1 min
Listen
Play
8y

ကျွန်​မမြို့​လေးတစ်​မြို့ကိုအလုပ်​ကိစ္စဖြင့်

ရောက်​လာခဲ့ခြင်းဖြစ်​ပါသည်​။ပြီး​တော..

သည်​မြို့​လေးသည်​ကျွန်​မအတွက်​ပထမဆုံး

အကြိမ်​​ရောက်​ဖူးခြင်းလည်းဖြစ်​ပါတယ်​။

ရောက်​​ရောက်​ခြင်းပဲ၊​မေ​မေ့ရဲ့​မောင်​ဝမ်းကွဲ

တော်​ဆက်​သူဦး​လေးဘုန်းဘုန်းထံ

မေ​မေလှူခိုင်းလိုက်​တဲ့လှူဘွယ်​ပစ္စည်းများ

ကပ်​လှူခဲ့ပါတယ်​။ဘုန်းဘုန်းကိုကန်​​တော့နှုတ်

ဆက်​ရင်းအမှတ်​မထင်​​ကျောင်းဝင်း​ထောင့်​ရှိ

အုတ်​ဂူဖြူဖြူ​လေးကို​တွေ့လိုက်​ရ​တော့ကျွန်​မ

ကြောက်​လန့်​စိတ်​အနည်းငယ်​ဖြစ်​သွားမိပါ

တယ်​။တကယ်​​တော့​နေဝင်​ခါစသည်​အချိန်

လေးသည်​​ကြောက်​လန့်​စိတ်​ဖြစ်​ဖို့အ​ကောင်း

ဆုးံအချိန်​မဟုတ်​ပါလား။ဂူမျက်​နှာပြင်​တွင်

တွေ့လိုက်​ရ​သောစာ​ကြောင်း​လေးများက

ကြောက်​လန့်​စိတ်​ထက်​စိတ်​ဝင်​စားသည့်​စိတ်

ကပိုများ​သွား​စေပါသည်​။အုတ်​ဂူဖြူဖြူ

ပေါ်တွင်​ရေးထိုးထား​သောစာ​ကြောင်းများ

က"ဘဝဆက်​တိုင်းသံသယဖြင့်​နှိပ်​စက်​ခံရ

သူအဖြစ်​မှကင်းလွပ်​ရပါလို၏"ဟု​သောစာ

ကြောင်းများက​ကြောက်​လန့်​စိတ်​​နေရာကို

အစားထိုးဝင်​သွားသလားမသိ။ကျွန်​မပင့်

သက်​ကိုရှိုက်​ရင်းအုတ်​ဂူနားဆီတိုးသွားမိ

တော့ ...အရှင်​သူရိယ [ဓမ္မာစရိယ]

အသက်​​တော်​[၂၄]နှစ်

ဝါ​တော်​.[၄]ဝါ

က​လောင်​အမည်​./​မောင်​လွမ်း​နောင်

(၁၁.၇.၂၀၀၃ခုနှစ်​တွင်​ပျံလွန်​​တော်​မူသည်​)

ပျံလွန်​မူသည့်​​နေ့စွဲကိုကြည့်​​တော့ဘာမျှမကြာ

သေး။အုတ်​ဂူပင်​သစ်​သစ်​လွင်​လွင်​ရှိ​နေဆဲ။

အသက်​(၂၄)နှစ်​ဆိုတာ​လောကမှာ​နေအ

ကောင်းဆုးံအရွယ်​​လေး၊ဘာဖြစ်​လို့ပါလိမ့်​၊

ပြီး​တော့စား​ရေးတဲ့ဦးဇင်း​လေးတဲ့။

ကျွန်​မနဲ့ဝါသနာတူစာ​ရေးတဲ့ဦးဇင်း​လေးမို့

စိတ်​မ​ကောင်းဖြစ်​မိတာ​တော့အမှန်​ပါပဲ။

အုတ်​ဂူ​လေးကိုလက်​နှင့်​ထိလိုက်​​တော့ကြမ်း

ရှရှအင်္ဂ​တေသားသည်​ကျွန်​မ၏နှလုးံသားကို

လာ၍ထိသ​ယောင်​၊ထိလက်​စလက်​ကိုချက်

ချင်းမရုပ်​မိ၊၊ဘာဖြစ်​လို့ပျံလွန်​​တော်​မူသွားပါ

လိမ့်​...တစ်​ခုခုများဖြစ်​ခဲ့လို့လား...။

သံသယနွံအပိုင်း(၁) | Ecency