ဆွေးမြေ့သံစဉ်

Words
28
Reading
1 min
Listen
Play
8y

image
ငါ့သီချင်းက အသစ်မဟုတ်ဘူး...
ဒို.ရေ.မီ.ဖာ..နှုတ်စ်ခုနှစ်လုံးထဲက
ဖြစ်နေကျ အသည်းကွဲတေးပါ....
ရက်ရက်စက်စက် ကြေကွဲခန်းကို
သံစဉ်ဟောင်းနဲ့ ဖာထေးနေလို့
အက်ကြောင်းထဲက အပေါစားလို့မထင်လိုက်ပါနဲ့
ငါ့တေးဟောင်းမှာ မင်း..နာလည်တတ်ရင်
အချစ်တစ်ခုမှာ ကျရှုံးခဲ့တဲ့
အသည်းကွဲသမားရဲ့
လတ်လတ်ဆတ်ဆတ် ခံစားချက်ကို
ကြားရပါလိမ့် မယ်.....
ဒီသီချင်းက
ကျားနာတစ်ကောင်ရဲ့'ခဲ'သံမဟုတ်ဘူး
"လွတ်တဲ့ငါးကြီးတဲ့"စွဲလမ်းမှုလည်း မပါဝင်ပါဘူး
အချစ်နွံထဲကဝေးကွာရလို့ကြေကွဲရတဲ့
လွမ်းတေးတစ်ပုဒ်ပါ
ငါ့သီချင်းလည်း အသစ်တော့မဟုတ်ဘူး.....

ဆွေးမြေ့သံစဉ် | Ecency