ကိုယ်ကစောင့်နေရတဲ့အခါမျိုးဆို
အချိန်က သိပ်နှေးတယ်…
ကိုယ်ကနောက်ကျတဲ့အခါမျိုးမှာ
အချိန်က သိပ်မြန်တယ်…
ကိုယ်ကဝမ်းနည်းနေတဲ့အချိန်မျိုးဆိုရင်
အချိန်က တော်တော်နဲ့မကုန်ဘူး…
ကိုယ်ကပျော်နေတဲ့အခါကျရင်
အချိန်က ဖျတ်ခနဲကုန်သွားရော…
ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်အိုင်းစတိုင်းက
အချိန်ကို ဒီလိုဥပမာပေးခဲ့ဖူးတယ်၊
“ခင်ဗျားအနေနဲ့ ကိုယ့်ချစ်သူဘေးမှာ
တစ်နာရီလောက်ထိုင်နေရပေမယ့်
တစ်မိနစ်လောက်ပဲကြာတယ်ထင်ပါလိမ့်မယ်၊
အဲ… အင်မတန်ပူပြင်းတဲ့ မီးဖိုကြီးဘေးမှာ
တစ်မိနစ်လောက်ထိုင်ရရင်တော့
တစ်နာရီလောက်ကြာတယ်ထင်နေမှာပဲ”
တကယ်တော့ အချိန်ဆိုတာ နာရီ၊ မိနစ်၊ စက္ကန့်တွေနဲ့
သတ်မှတ်တာမဟုတ်ပါဘူး၊
ကိုယ့်ရဲ့စိတ်အခြေအနေနဲ့ သတ်မှတ်တာဖြစ်ပါတယ်…
So have a nice time Always…
SMT9