ငါတစ်ယောက်ထဲ

Words
34
Reading
1 min
Listen
Play
8y

pexels-photo-206557-1.jpeg
တစ်ယောက်ထဲရှိတဲ့ နေ့တွေညတွေမှာ ရင်ဘက်ထဲမှာ မွန်းကြပ်မှုတွေဟာ နေရာအထပ်ထပ်နဲ့ ပျော်စရာတွေ မတွေ့ရှိတာ အချိန်အတော်ကြာခဲ့ပေါ့။လှမ်းချိတ်လို့ မမီတဲ့ လွမ်းစိတ်စီရရီဟာ တွန့်ကြေ ဒီမှာ ညတာတွေရှည်လွန်းတယ်။စိတ်ဦးတည့်ရာလွင့်မျောရင်း အမောမကင်းနိုင်တဲ့ လေပြေလို ဒါမှမဟုတ် နေကိုမျှော်ရင်း ပွင့်ဖို့စောင့်နေတဲ့ ပျိုးသူမဲ့ ပန်းတေလေတစ်ပွင့်လို ငါငြိမ်းချမ်းရေးကိုဆာလောင် အဖော်မဲ့တဲ့အရောင်က မှောင်လွန်းတယ်။ဖြစ်နိုင်ရင်လေ တိမ်လို လေလို ရွက်ဝါလို ဘဝကို လျှောတိုက် လွှတ်တင် ဘယ်သူမှမရှိတဲ့ ကောင်းကင်မှာ ဘယ်သူမှမသိအောင်နေလိုက်ချင်တယ်ဟယ်။
author:makhaingzin@makhaingzin
photo:google

ငါတစ်ယောက်ထဲ | Ecency