ဗျို့  ဆရာတို့ .....

mahaw(59)
Published in
#myanmar
Words
98
Reading
1 min
Listen
Play
8y

2N61tyyncFaFVtpM8rCsJzDgecVMtkz4jpzBsszXjhqan9jXAgXpVY8k2creaKFpiGp8fUPeW6pyaHTuxbzj4ekTGstQCXuR9DPeNGxfcWHMv6N8ovGZtc5UbtXGxDQcpLGKwqvAKVqQ.jpeg

မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့ ။
မဟော် ပြန်လာပါပြီ။ အချိန်အတိုင်းအတာတစ်ခု ပျက်ကွက်ခဲ့တဲ့အတွက် ညီအစ်ကိုတွေကို တောင်းပန်ပါတယ်။ ပြန်လာမှုနဲ့ အတူ ပြောချင်တာတွေလည်း ရင်နဲ့ အပြည့်။ မိန်းမသားဆိုရင် ရန်တွေ့ ချင်တာပေါ့။ ယောင်္ကျားသားဆိုတော့ ထေ့ချင်တာပေါဗျာ။ဒါပေမယ့် ရင့်ကျက်မှုဆိုတဲ့စကားလုံးက ကိုယ့်ရှေ့မှာ ကာဆီးနေတယ်။ shut up မဟော်တဲ့။

Anonymous_Emoticon-17-512.png

crd.org.source

ဒါကလူ့ သဘာဝ ဒါက ဖြစ်တတ်ပါတယ် ဒီလိုပါဘဲကွာ ဆိုတာတွေဟာ စိတ်မသက်မသာဖြစ်ပြီး ညီးတွားမိတဲ့အသံတွေပါ။ အော် မပြောပါနဲ့ ဆိုမှ အစဖော်ချင်သေးတယ်။ မိတ်ဆွေတို့ ကို မေးခွန်းတစ်ခုလောက် မေးကြည့်ချင်တယ်။ သိတတ်မှုဆိုတဲ့စကားလုံးကို ဘယ်လိုနားလည်မိသလဲ။ သိတတ်မှုရဲ့ နောက်မှာ အဓိပ္ပါယ်တွေ အများကြီးကိန်းဝပ်နေပါတယ်။ သေချာတာကတော့ သိတတ်မှုကို သင်ပေးလို့ မရပါဘူး။ mind selfနဲ့ ဘဲဆိုင်တယ်။ သိတတ်မှုဟာ အကျိုးမျှော်ကိုးစိတ်မပါဘဲ လေးစားချစ်ခင်မှု တာဝန်ယူမှု အလိုက်သိမှု ကျေးဇူးသိတတ်မှု ကိုယ်ချင်းစာမှု အစရှိသဖြင့် မြောက်များစွာပါဝင်ပါတယ်။သေချာတာကတော့ တစ်ဖက်သားကို တန်ဘိုးထားလိုက်တာပါဘဲ။

images.jpeg

crd.org.source

မတွေ့ တာကြာတဲ့ သူကို ဒီလို postနဲ့ မနှုတ်ဆက်ချင်ပါဘူး။ အားပေးခြင်း လှုံ့ ဆော်ခြင်းတွေဘဲရေးသင့်တာပါ။ ခက်တာက စာရေးတယ်ဆိုတာ ရင်ထဲရှိတာတွေ ခေါင်းထဲအတွေးထဲပေါ်လာတာကိုချရေးမှ အသက်ဝင်တာဆိုတော့လည်း ပါးပါးတော့ ရေးလိုက်မိတယ်ဗျာ။ ပြောရမယ်ဆိုရင် စိတ်ဆိုးလို့ ရေးတာမဟုတ်ပါဘူး။ အားမလို အားမရဖြစ်တာပါ။ တစ်ခွန်းတည်း မေးချင်ပါတယ် MSCဆိုတာဒီလိုမျိုးလား။
ကျွန်တော့်postကို ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ညီအစ်ကိုတို့ ရေ။
MSC 228
mahaw@mahaw

ဗျို့  ဆရာတို့ ..... | Ecency