နားလည်စေဖို့

macn(40)
Published in
#msn
Words
168
Reading
1 min
Listen
Play
8y

အစစ်အမှန် ကို တန်ဖိုးထား လက်ခံ ပါ...

ဆူးခင်း တဲ့ လမ်း ထဲရောက်မှ ဖိနပ်တစ်ရံ ရဲ့ တန်ဖိုးကို သိတတ်ကြတယ်....
အပူဒဏ် ကို ခံရမှ ရေတစ်စက် နဲ့ အရိပ်အာဝါသကောင်းမွန်တဲ့ သစ်တစ်ပင် ရဲ့ တန်ဖိုး ကို သိကြတယ်.,.
ခရီးဝေး ဝေး ကိုရောက်မှ ပြင်ဆင်မှု့ အားနဲ ချက် ပင်ပန်းမှု့ ဒဏ် ကို
နောက်ကျ မှ သိတတ်ကြတယ်..

လက်ရှိ အချိန်ကို ရောက်မှ အလဟသာ ကုန် လွန် သွား ခဲ့ တဲ့ ပြီးခဲ့တဲ့ မနေ့က အချိန်တေ ကို ပြန်လိုချင် သတိရ တတ် ကြတယ်..
ဘာမှမရှိ ခြင်းကို ပိုင်ဆိုင်ရမှ ဖြုန်းတီးမိခဲ့တဲ့
အကြောင်းတရား တို့ကို နှမြောတမ်းတ သတိရတတ် ကြတယ်...
နွေကို ရောက်တော့ ဆောင်းကို မျှော်တတ်လာတယ်..
မိုးရာသီရောက်ရင် ခြောက်သွေ့ တဲ့ နွေရာသီကို တမ်းတ မိတတ်ကြ တယ်.. လိုချင် တတ် ကြတယ်...
မိသားစု နဲ့ အလှမ်းကွာဝေး မှ ချစ်ခင် နွေးထွေး မှု့ ကို ခံစား နားလည်တတ်လာတယ်..
စိတ်ကျဉ်းကြပ်မှု့ တေ ခံစားရတဲ့ အခါ ကိုယ့်အပေါ် နားလည်ပေးတတ်တဲ့ မိတ်ဆွေ သူငယ်ချင်း ကောင်းတေ အမှတ်ရသတိတရ ရှိတတ်လာကြတယ်...
မိမိ အပေါ် မကောင်းတဲ့ လူနဲ့တွေ့မှ ကိုယ့်အပေါ် တစ်ကယ် ကောင်းမွန်တဲ့ လူတွေ ရဲ့ တန်ဖိုး ကို ပိုသိ လာကြတယ်...
ကိုယ့် အနား ပျောက်ကွယ် သွားမှ တန်ဖိုးရှိတဲ့ သူ ကို တန်ဖိုး ထားရကောင်း မှန်း ပိုသိလာကြတယ်...
လဲကျချိန်ရောက်မှ ဖေးကူ ဆွဲထူ ပေးခဲ့သူကို
အမှတ်ရနေတတ် ကြတယ်....
ညအမှောင် ကို ခံစားရမှ မီးတစ်ပွင့်ရဲ့ တန်ဖိုး ရှိမှု့ ကို သတိထား သတိတရ ရှိတတ်ကြ ပြန်တယ်.....

အရာအားလုးံ ကို ကိုယ့်ရဲ့ ရင်ဘတ်နဲ့ အစစ်အမှန် ခံစား ထိရှ တတ်မှ တန်ဖိုးသိ တန်ဖိုး ထား တတ်ကြတဲ့ သူမျိုး မဖြစ်မိအောင် လောကကြီး ထဲ မှာ ဆင်ခြင် နေထိုင်တတ်ဖို့ တန်ဖိုးသိ တန်ဖိုး ထားတတ်ဖို့ လိုအပ် တယ် ဆိုတာ ......
နားလည် နိုင် ကြဖို့ လိုပါတယ်..
image

နားလည်စေဖို့ | Ecency