ဘာလည်း

macn(40)
Published in
#time
Words
88
Reading
1 min
Listen
Play
9y

စိတ် ဖြင့်ပြုပြင်..ပါ

လူတယောက် ရဲ့ အားနည်းချက်ကို
ကဲ့ရဲ့ပြစ်တင် တတ် ကြ တယ်...
အထင်သေးတတ်ကြသေးတယ်....
ဒုက္ခပေးတတ်ကြတယ်....

အားနည်းချက် ဆိုတာ လူတိုင်းကိုယ်စီရှိကြစမြဲပါဘဲ အနည်းအများသာ ကွာခြားကြပါတယ်.....

အဓိက ...
အားနည်းချက်က စိတ်ဓာတ်ညံ့ဖျင်းခြင်းပါဘဲ
စိတ်ဓာတ် ညံ့ဖျင်းရခြင်းမှာ အကြောင်းအရာ နှစ်မျိုးရှိပါတယ်.....

မိမိကိုယ်တိုင်စိတ်ဓာတ်ညံ့ဖျင်း ရခြင်း ပင်ကိုယ် ဗီဇ စိတ် ဓါတ်..
သူတပါးကြောင့် စိတ်ဓာတ်ညံ့ဖျင်းရခြင်း တို့ ဖြစ်ပါတယ်..

မိမိကိုယ်တိုင်စိတ်ဓာတ်ညံ့ဖျင်းခြင်းကတော့ မွေးရာပါ သန္ဓေစိတ်ရှိသူပါ
အဲဒီ လူ မျိုး တွေ ဟာ အချိန်ရှိတိုင်း သူတပါးကို အပြစ်ပြောခြင်း ကဲ့ရဲ့ရှုံ့ချခြင်း အားနည်းချက်ကိုအသုံးချခြင်း စသည်ဖြင့် ဒုက္ခပေးဖို့သာ ကြိုးစားအားထုတ်နေသူပါ....

သူတပါးကြောင့် စိတ်ဓာတ်ညံ့ဖျင်းရခြင်းကတော့ တဆင်ခံစကားကို ချင့်ချိန်မှုမဲ့စွာ ယုံကြည်ပြီး
ဒေါသအလျောက် တပါးသူအား ဒုက္ခပေးခြင်း ပြစ်တင်ခြင်း ကဲ့ရဲ့ခြင်း စသည်ဖြင့် တန်ပြန်တတ်တဲ့ စိတ်သာဖြစ်ပါတယ်.....

လူ တစ်ယောက်...
စိတ်ဓာတ်ညံ့ဖျင်းလာပြီဆို ချင့်ချိန်မှုတွေ ကိုယ်ချင်းစာတရားတွေ ပျောက်ဆုံးလာပြီး စိတ်ထင်ရာစိုင်းတတ်ကြပါတယ်....

သူဘယ် လို လဲ သူ ဘာလုပ်နေတယ်ဆိုတာထက်
ငါဘယ်လိုလူလဲ ဘာလုပ်နေတယ်ဆိုတာကို သိဖို့က ပိုပြီးအဓိကကျပါတယ်,,
တစ်ကယ်တော့....

မိမိမှာရှိတဲ့ စိတ်ဓာတ် အားနည်းချက်ကို မိမိစိတ်နဲ့သာ ပြုပြင်တတ်ကြပါစေလို့ ..
အကြံပြု လိုက်ပါတယ်....
image

ဘာလည်း | Ecency