Steemit ပလက်ဖောင်းမှာ နေရတာ ကျွန်တော့်အတွက်တော့ တော်တော်ကို ဗဟုသုတရပါတယ်။ ဟိုအရင်ကဆို နည်းပညာနှင့် ပတ်သက်သော Post တွေ အသစ်အသစ်သော နည်းလမ်းတွေ တင်ကြတော့ ကျွန်တော့်မှာ လေ့လာ ဖတ်မှတ်ရတာ ပညာရပါတယ်။ ပြီးတော့ သုတ ရသ ပါသော ဇတ်လမ်းတို ဇတ်လမ်းရှည် ဒါတွေဟာ ခံစားမူ့ရသ ကိုမျှဝေပေးလို့ ဇတ်လမ်းရှည်တွေဆို နေ့တိုင်းရေးတင်မှာ ကိုစောင့်ဖတ်ခဲ့ရဘူးပါတယ်။
အသစ် အသစ်သော အတွေးအခေါ်တွေ ဆန်းသစ်မူတွေနဲ့ Steemit မှာ ကွန်တော့်အတွက်တော့ ရတနာ သိုက်ကြီး တစ်ခုပါပဲဗျာ။ ခုနောက်ပိုင်း စာရေးသားသူတွေ နည်းပါးလာပေမဲ့ ကျွန်တော် myanmar ဆိုတဲ့ Tag နဲ့ မြန်မာစာ ရေးတဲ့ မြန်မာ အကောင့်တွေဆီက စာတွေ ဖတ်နေဆဲပါ။ Steemit က Bus ကား တစ်စီးဆိုပါစို့ လိုရာ ခရီး ပန်းတိုင်ရောက်ဖို့ ကျွန်တော်တို့ ဒီကားကြီး စီးပြီး ခရီးဆက်ကြရအုံးမှာပါ။ ခုလည်း စီးနေဆဲ နောင်လည်း ကားကြီး မပျက်သ၍ ဆက်စီးနေအုံးမှာပါ။
ဒီကြားထဲ ဒီကားပေါ် ဆင်းသူဆင်း တက်သူတက် နဲ့ ကားပေါ်မှာ ကျွန်တော်တို့ မြန်မာတွေ နောက်ဆုံး ပန်တိုင်ရောက်ရင် လူကျန်ပါ အုံးမလား ။ လက်တွဲခေါ်လို့ ဒီ Steemit ဆိုတဲ့ ကားပေါ် တက်စီးခဲ့ပြီးမှ လက်ဆွဲချ လို့တော့ ကျန်မနေရစ်ချင်ဘူး။ အိုဘယ့် Steemit ရေ သင်သွားတဲ့လမ်း ကြမ်းမလား ကောင်းမလား ...။
Msc 045
Posted from my blog with SteemPress : http://steemhosting.com/lwanwai/?p=29