ဖိနပ်တစ်ဖတ်ရဲ့တန်ဖိုး

lusoelay(35)
Published in
#news
Words
90
Reading
1 min
Listen
Play
9y





• တစ်နေ့ မင်းထွန်းတစ်ယောက်ခရီးသွားရန်တွက် ရထားဘူတာသို့ ထွက်လာလေသည်။ ဘူတာရုံသို့ ရောက်သော် ရထားမှာ ထွက် စ ပြုနေလေပြီ... ။

ဒါကြောင့် မင်းထွန်းတစ်ယောက်အလျှင်စလိုနဲ့ ရထားပေါ်အတတ်မှာ

မင်းထွန်း၏ ဖိနပ်တစ်ဖက်မှာ လျှောက်လမ်း စင်္ကြန် ပေါ်ကျွတ်ကျသွားလေရဲ့..  ထွက်စပြုနေပြီဖြစ်တဲ့ ရထားက အရှိန်ပါနေပြီမို့... 

မင်းထွန်းပြန်ကောက်မယူနိုင်တော့ပေ ။

ကျကျန်ခဲ့တဲ့ ဖိနပ်တစ်ဖက်ကို ကြည့်နေစဉ် ခြေဗလာနဲ့ လူတစ်ယောက်

လာကောက်ယူနေတာကို တွေ့မိတဲ့ အခါ....

မင်းထွန်းဟာသူ့ဆီမှာ ကျန်ရှိနေတဲ့ ဖိနပ်တစ်ဖက်ကို ချွတ်ပြီး...

 လူဗလာနဲ့ လူဆီကို လှမ်းပစ်ပေးလိုက်တယ်... ။

ဖိနပ်ကို ပစ်ချပေးခဲ့ပြီးနောက် ...

မင်းထွန်းက အေးဆေးတည်ငြိမ်စွာ ပြုံးကြည့်နေခဲ့တယ်... ။

မင်းထွန်း၏အမူအရာ ၊ လုပ်ရက်အား ဘေးကလူတွေ ငေးကြည့်နေကြရင်း

ခရီးသည်တစ်ယောက် မှ ပြောလေသည်။



" ဘာလို့လဲ ဗျ... ဖိနပ် တစ်ဖက်ထဲဆိုတော့ ရှက်လို့လား...ခြေပြောင်ထက်စာရင် တစ်ဖက်ရှိနေသေးတာ ပိုမကောင်းဘူးလား ဗျ... "လို့ ဆိုတဲ့အခါ



မင်းထွန်းက ပြုံးပြီး.......



" စောစောက ကျွန်တော် ကျကျန်ခဲ့တဲ့ ဖိနပ်တစ်ဖက်ကို  ကောက်ယူနေတဲ့လူက ခြေဗလာနဲ့ ဗျ...  

အခုတော့ သူ့အတွက် လိုအပ်နေတဲ့ ဖိနပ် တစ်ရံ  ရသွားပြီလေ..... 

သူဟာ ခြေဗလာနဲ့ လျှောက်သွားစရာ မလိုတော့ဘူးလေ ဗျာ " ဟုဖြေလေသည်

ဖိနပ်တစ်ဖတ်ရဲ့တန်ဖိုး | Ecency