မုန့်သည်မ ရဲ့နွေ

Words
68
Reading
1 min
Listen
Play
8y

image

  • တူးပို့ဒိုးဆစ်သံအစား
    တက်ကနိုဘိသံတွေကြားလာရတဲ့နှစ်သစ်ကူးမှာ
    ဘယ်သွားသွား ရေမစိုဘူး အမေ။
  • တန်ခူးလထဲမှာမှပွင့်ပြကြတဲ့
    အဝါရောင်ပန်းတွေကလဲ
    ပိတောက် မဟုတ်ကြတော့ဘူး။
  • အုန်းလက်ရွက်စိမ်းစိမ်းလေးတွေကြားက
    စပယ်ပန်းနံ့လေးမွှေးပျံ့အေးမြနေခဲ့တဲ့
    လောင်းလှေထဲကရေကလေးတွေ
    ပုခုံးပေါ်လောင်းချလိုက်တဲ့
    ဖြူစင်တဲ့ချစ်ခြင်းမေတ္တာတရားတွေနဲ့အတူ
    တမာပွင့်မြေသင်းနံ့မွှေးနေတဲ့မြေပေါ်ကို
    တစိမ့်စိမ့်စီးဆင်း
    အဲတာ ချင်းတွင်း ပဲမဟုတ်လား။
  • ရင်ဘတ်ကြီးနဲ့ ထုဆစ်ပုံဖော်ဖွဲ့သီထားကြတဲ့
    ကိုယ်စီကိုယ်ပိုင်အနုပညာပစ္စည်းတွေကို
    တီးမှုတ်သီဆိုကပြဖြေဖျော်
    မြို့လုံးကျွတ် ပျော် ခဲ့ကြဘူးတယ် ဆို။
  • '' ---- အမျိုးသားရေသဘင်အဖွဲ့ကြီး''
    '' ကျမ်းမာပါစေ ''
    '' - - - - အမျိုးသမီးရေသဘင်အဖွဲ့ကြီး''
    '' ကျမ်းမာပါစေ ''
    ကျမ်းမာပါစေ ကျန်းမာပါစေတဲ့လားအမေရယ်။
  • ဒီမယ် မုန့်သည်မ အမေရဲ့
    အမေ မုန့်ရောင်းခဲ့တဲ့
    ဟောဒီကမ်းနဖူး သောင်ပြင်ဦးမှာ
    နောင်နှစ်ပေါင်းများစွာကြာ
    တစ်ခုသော တန်ခူးလမှာ
    ကမ္ဘကျော်သင်္ကြန်ပွဲ
    ခြိမ့်ခြိမ့်သဲဆင်နွှဲကျင်းပ
    ဝက်ဝက်ကွဲပျော်ရွှင်ကြလိမ့်မယ် လို့များ
    ဗျာဒိတ် တော်မြွက်ကြား
    တခုတခုများ ပြောထားခဲ့သေးလားအမေ။
  • တူးပို့ဒိုးဆစ်သံတွေအစား
    တက်ကနိုဘိ သံတွေကြားလာရတဲ့နှစ်သစ်ကူး
    ဘယ်သွားသွား ရေမစိုတော့ပါဘူးအမေရယ်။
မုန့်သည်မ ရဲ့နွေ | Ecency