MSC နှင့် တွေ့မှ ရင်တထိပ်ထိပ်ခုန်
ဒီနေ့ ကျွန်မတို့၏ adm ကြီးမှ post တခုကိုရအောင်တင်ပေးပါဟု ပြောသောအခါ နေ့လည် ၁၁ နာရီလောက်ကတည်းမှနေ၍ ဘာအကြောင်းအရာများရေးလျှင်ကောင်းမလဲလို့ စဉ်းစားသော်လည်း ညနေ ရုံးဆင်းချိန်ထိ ဘာတခုမှ ခေါင်းထဲကမထွက်လာပါ။
ဒါနဲ့ညနေရုံးဆင်းချိန် ဖယ်ရီစီးရင်း ကားပေါ်မှဟိုကြည့်ဒီကြည့်ကုန်ကြမ်းလေးများလိုက်ရှာရင်း အိကိုရောက်လာခဲ့ရတယ်
ဘာမှလည်းမရ။ ဘာမှလည်းမတွေ့ ။ အိမ်ကိုအမြန်ရောက်ချင်ဇောနဲ့လမ်းတွေလျှောက်လာတယ်။
အော် ကိုယ့်အတွေးကတော့ အိမ်ရောက်ရင်အေးဆေးစဉ်းစား post တခုရေးတင်မယ်ပေါ့။
ဒါပေမယ့် ထပ်လွဲပြန်တယ် အိမ်နားရောက်ခါနီးမှ သူငယ်ချင်းက လာခေါ်လို့ အပြင်ထပ်ထွက်ရပြန်တယ်။
အပြင်ကပြန်ရောက်တော့ ၈း၄၅ ။
ဘာတွေးများရေးတင်ရမလဲ စဉ်းစားရင်း မထူးပါဘူးလေ ဆိုပီး ဒီနေ့ post တင်ဖို့ကြိုးစားတဲ့အကြောင်း သိကောင်းစရာရေးလိုက်တယ်ကွယ်။
ကဲ အဖွဲ့သူ အဖွဲ့သားများ vote ချင်လည်း vote ကြ, ကျော်ချင်လည်းကျော်သွားကြပါကုန်လော့
Post တခုအနေ နဲ့တော့ ရောက်တတ်ရာရာ ရေးပီးတင်လိုက်ပါပီကွယ်.........
MSC မှ အထုတ်ခံရပီလားဟု ရင်ခုန်စောင့်စားလျှက်