First Date Remember

laycho(41)
Published in
#msu
Words
307
Reading
2 min
Listen
Play
8y

သတိရနေသေး ...
.

.
နေ့စဉ်မပြတ် အွန်လိုင်းကပဲ အပြန်အလှန် Quize Game လေးတွေဆော့ရင်း ..
သူနဲ့ကိုယ်ဟာ တစ်ဦးနဲ့တစ်ဦး သာမာန်ထက်ပိုပြီး ခင်မင်မှုသံယောဇဉ်နဲ့ .. နွေးထွေးရင်းနှီးနေခဲ့တယ် ..
သူပဲဖြစ်ဖြစ် ကိုယ်ပဲ ဖြစ်ဖြစ် ..
တစ်ရက်တလေ .. အလုပ်ပျက်မိတာ .. အိမ်ပြန်ချိန်နောက်ကျတာ .. နှာစေးခေါင်းကိုက်ဖြစ်တာမျိုးလေးတွေကအစ ..
တစ်ဦးနဲ့တစ်ဦးအပြန်အလှန်လေး ဂရုတစိုက် စိုးရိမ်နေမိကြပြီ။
ကိုယ်မေးတဲ့ ဥာဏ်စမ်းလေးတွေ သူမဖြေနိုင်တဲ့အခါ .. ကိုယ့်မှာ ဝမ်းသာပိတီဖြစ်ပြီး ။
သူမေးတဲ့ ပုစ္ဆာတွေ ကိုယ်ဖြေနိုင်တဲ့အခါတော့ .. သူမကျေနပ်နိုင်တာမျိုး ကိုယ်သိနေခဲ့တာပေါ့ ။
ုဒါဟာလည်း ပျော်စရာပါပဲလေ ...
ကိုယ်မေးတဲ့ မေးခွန်းတွေဆိုတာ .. ကိုယ်ဖတ်ခဲ့သမျှ တာရာမင်းဝေ ၊ မင်းခိုက်စိုးစံ ၊ လူနေ အစရှိတဲ့ ..
စာအုပ်တွေထဲက .. ခေါင်းစားတဲ့ အရာတွေချည်းပဲ ..
မှတ်မှတ်ရရ ကိုယ်သူ့ကိုမေးခဲ့သမျှဆို တာရာမင်းဝေရဲ့ လရောင်ကိုပန်၍ညဥ့်ဦးယံ၌ မွှေးမြမြဖြူနိုင်ပါစေ စာအုပ်ထဲက ကောင်မလေးကို ...
ကောင်လေးက မေးတဲ့မေးခွန်းတွေချည်းပဲ ...
ဖြစ်ချင်တော့ .. သူက တစ်ခုမှမသိ။
သူ့ပါတနာတွေပါ လိုက်ပြီးခေါင်းစားလည်း ဘယ်သူမှမဖြေနိုင်။
ကိုယ်ဆိုတာ အဲ့လိုနဲ့ သူ့ရင်ထဲရောက်ခဲ့တာ ...
သူကိုယ့်ကိုမေးသမျှ ဥာဏ်စမ်းတွေဆိုတာ .. ငယ်ငယ်က စကားထာဝှက်တမ်း ကစားရင်မေးတတ်တဲ့ ...
Child Play မေးခွန်းတွေချည်းပဲ .. မဖြေနိုင်ပဲရှိမလား ..
ဒါပေမယ့် အချစ်လို့ အမည်တပ်ဖို့စောလွန်းနေသေးတဲ့ နူးညံ့တဲ့ရင်ခုန်တတ်မှု အပိုင်းအစလေးတွေရဲ့ သွေးတိုးနှုန်းမှာ ..
သူ့ ဥာဏ်စမ်းတွေ ကိုယ်မဖြေဖြစ်ခဲ့ဘူး ..။
လောင်းကြေးရှိတဲ့ကစားပွဲမို့ သူ့အတွက် အနိုင်ကြေးအဖြစ် ..
ရေခဲမုန့်တစ်ခွက်ဝယ်ကြွေးရဖို့ ဖြစ်လာခဲ့တယ်။ (တမင်ဒီလိုဖြစ်ချင်တာလည်းပါတာပေါ့လေ) ကိုယ်က သူ့ကိုအပြင်မှာတွေ့ချင်လှပြီကိုး ...
ဒီလိုနဲ့ .. တစ်ရက် ..
အဲ့ဒီ့တစ်ရက်က အခုပြောမယ့် Dating ရက်ပါပဲ။
ခပ်စောစောကတည်းက .. လုပ်စရာအလုပ်တွေကိုပြီးပြတ်အောင်လုပ်ထားခဲ့ပြီး ...
သူ့ကို ကိုယ်ဝယ်ကြွေးမယ်လို့ချိန်းထားတဲ့ ဆူးလေဘတ်စ်ကားဂိတ်က Parisian Coffee Shop ဆီထွက်ခဲ့တယ် ..
စိတ်ကူးထဲမှာကတော့ .. ကော်ဖီလေးသောက်မယ် စကားလေးပြောမယ် .. အကဲခတ်မယ်ပေါ့လေ ..
ရောက်ပါပြီ ကော်ဖီဆိုင် ...
သူ့ဆီ စာပို့တော့ သူမရောက်သေး ...
သူ့အမေ (ကိုယ့်ယွခမ) ကိုဆေးခန်းဝင်ပို့နေလို့နောက်ကျမယ်တဲ့လေ ...
ဒါနဲ့ပဲ သူ့အတွက် ရေခဲမုန့်လေးဝယ်ပြီး ကားဂိတ်မှာပဲစောင့်နေလိုက်တော့တယ် ..
သူက နောက်ကျမယ်ဆိုတော့ ကော်ဖီဆိုင်ထိုင်ဖို့အချိန်မရှိတော့ဘူးလေ ..
သူ့အလုပ်က 12 နာရီဝင်ရတာကိုး ..
12 : 05 (မရောက်သေး)
12 : 15 မထူးခြား ...
ဘတ်စ်ကားတွေသာ တစ်စီးပြီးတစ်စီး ဖြတ်ဖြတ်သွားကြတယ် ...
ကိုယ့်အနား ဘယ်လိပ်ပြာလေးမှ မလာသေးဘူး ..
( Messenger မှာကိုယ်ကသူ့ကိုလိပ်ပြာလေး လို့လည်းခေါ်တတ်တယ်၊ နတ်သမီးလေးလို့လည်းခေါ်တတ်တယ်)
လက်ထဲကိုင်ထားတဲ့ ရေခဲမုန့်ဘူးလေးက ပန်းရောင်အရည်တွေ ပျော်ကျနေပြီ ...
12 : 23 .... 12 : 24 .... 12 : ?? ...
ကိုယ်အချိန်တွေကို ရေတွက်နေတုန်းပဲရှိသေးတယ် ..
ကိုယ့်အနားကို ဝှစ်ခနဲ ပုပုသေးသေး မဲမဲပြားပြား လေးလာကပ်တယ် ..
" ဗုဒ္ဓေါ " ဘာပါလိမ့် ...
အဲအဲ .. အဲ့တာ သူပဲ ..
တကယ့်ပုပုသေးသေး မဲမဲပြားပြားလေး ...
(အခုအချိန် ဒီဇိုင်းကာဘာ ဘာညာအနေအထား မဖြစ်သေးဘူး)
သူပြောတော့ ဒုတိယနှစ်ကျောင်းသူတဲ့ ..
အခု ကိုယ်မြင်နေရတာက ရှစ်တန်း၊ ကိုးတန်း ကျောင်းသူလားပဲ ...
မျက်နှာကတော့ မှားနိုင်ဖွယ်ရာမရှိ ..
ကိုယ့်ရဲ့ လိပ်ပြာလေးမှ လိပ်ပြာသေးပဲ ..
နဲနဲမဲတာကတော့ .. နေပူထဲလမ်းလျှောက်လာရလို့ထင်တယ် ...
အကျီ င်္အဖြူ ၊ ဒူးလည်လောက်ဂါဝန်အပြာလေးနဲ့ ..
ပိန်သေးသေးခန္ခာကိုယ်လေးက ကိုယ်နဲ့အတူတူတွဲမြင်ရင် ..
သမီးအတွက် အဖေက ရေခဲမုန့်ဝယ်ပြီးစောင့်နေသလားပဲ ..
မတတ်နိုင်ဘူးလေ ...
အဲ့ကတည်းက အဲ့ မဲမဲပြားပြားလေးက ရင်ထဲဝှစ်ခနဲရောက်လာတာပဲ ..
ကိုယ်ပေးလိုက်တဲ့ အရည်ပျော်လက်စ ရေခဲမုန့်ဘူးလေးကိုကိုင်ပြီးတော့ သူသွားတော့မယ်တဲ့ ..
အလုပ်ဝင်ဖို့နောက်ကျနေပြီဆိုပြီး ကော့ပက် ကော့ပက်နဲ့ ထွက်သွားတယ် ...
ကိုယ့်မှာဖြင့် ဇဝေဇဝါနဲ့ကျန်ခဲ့ရတယ် ...
ကိုယ်တွေ့ခဲ့တာ ..
ဒုတိယနှစ်ကျောင်းသူလား ..... ?
ရှစ်တန်းကျောင်းသူလား ....? ။
Lay Cho
MSU-061
Photo - Facebook
(First Date Remember)

First Date Remember | Ecency