နံနက်ခင်း နေခြည်နုနု အောက်မှ

land1(50)
Published in
#steemit
Words
52
Reading
1 min
Listen
Play
8y

ရွှေဝါရောင် ရွက်ရော်တို ကြားမှ မြသားရေားင် ရွက်နုသစ်တို့  လှစ်ပြု၍ နုလှသော ကာလဖြစ်ပေသည်။ ထို့ ကြောင့် ဝန်းကျင်တစ်ခွင် နုပျိုလန်ဆန်းလျက်ရှိပေသည်။ နွေလေရူး ဆော့မြူး၍ ထင်ကျန်နေသော ဖုံမှုန် သဲမှုန်တို့ သည် နယုန်မိုးသေးဆေးကြောပေးသဖြင့် သန့်စင်ကာ ရှင်းသန့်လျက်ရှိလေသည်။နံနက်ခင်း နေခြည်နုနု အောက်မှ ပုရစ်ဖူးနုနု တို့ ၏ စိမ်းစိုသော အသွင်အပြင်မှာအလှတွင် အယဉ်ဆင့်ကာ အသွင်တင့်လျက်ရှိပေသည်။နယုန်မိုးသေး ရွာသွန်းပေးလိုက်သဖြင့် စံပယ်ဖြူဖြူဖွေးတို့ သည်လည်း ကြူကြူမွှေးကာ ပွင့်လန်းလာကြသည်။ ညင်းညံသော မိုးဦးလေပြည်တွင် စံပယ် ပန်းရနံ့တို့ က လွင့်ပျံနေပေသည်။ ဗိုလ်ခြံတဲ့ ရွှေအလယ်မှာ ငွေစံပယ်ဖြူ မုလေးက မွှေးလှတယ်လေး ဟုဆိုသည့်အတိုင်း ရာသီပန်းအဖြစ် ပွင့်လန်းကြသည်။

ntamntam . .2.jpg