This content got low rating by people.

fanaticism

ladylay(44)
Published in
#busy
Words
63
Reading
1 min
8y
Listen to this post
~1 min

ဘယ်သူ ဘယ်တရားချချ မရတော့ဘူး

စီးနေတဲ့ မြင်းတောင် အထီးအမ မခွဲတတ်ဘူး(စိတ်မ၀င်စားဘူးလို့ အကြောင်းပြတယ်)

ကိုယ့်ပတ်ဝန်းကျင်မှာ လူဘယ်နှစ်ယောက် အဆိပ်သင့်နေလဲ

ခွေးဘယ်နှစ်ကောင် သားပေါက်သလဲ

ဘယ်နေ့ အောင်ချက်ထွက်မှာလဲ

ဘာဆို ဘာမှ ဘာတခုမှ

ဘုရားစူး မသိဘူး…………။

တခါတလေတော့

ပန်းချီကားတွေရဲ့ စုတ်ချက်တွေကို ဝေဖန်မယ်

ဘယ်ကဗျာကတော့ ဘာဖြစ်တယ် ညာဖြစ်တယ်

ဇစ်မြစ်ကို ဖတ်ပြီး ဂရုဏာသက်မယ်

ကမူးရဲ့ စည်းအပြင်ကို တညလောက် ထွက်နေမယ်

ဟဲမင်းဝေးရဲ့ ဘ၀ကို ကောက်ချက်စွဲမယ်………..။

နောက်ကျောက ဓားဒဏ်ရာတွေ မရေဖြစ်တာလည်း ကြာပေါ့

အနာဂတ်တောင် ဘယ်နားနေမှန်းမသိဘူး

တက်ကျမ်းတွေ တွေ့ရင် ကိုင်ပေါက်မယ်

မနက်စာ ညနေစာတောင် မကွဲဘူး

လှိမ့်ပိတ် မျက်စိမှိတ်ထားတာ

ပိန်းပိန်းမှောင်လွန်းလို့ အမှားအမှန်တောင် မဝေခွဲတတ်တော့ဘူး……။

ငါ့အနုပညာခံယူချက်မှာ လက်ခုပ်သံမလိုဘူး

အကြိမ်ကြိမ် ရေရွတ်

သူ့အနုပညာကိုလည်း ဘယ်သူမှ ခံစားလို့ မရဘူး………..။
ladylay@ladylay

fanaticism | Ecency