ကားကြီးသမားတွေ့ကိုလေးစားတယ်

Words
51
Reading
1 min
Listen
Play
8y

ဪ... ကိုယ်​ကမှား​နေတာကို ဆရာကြီးအထာနဲ့ လာဖြဲ​နေ​သေးတယ်​...
လမ်းဆုံမှာ တည့်​တည့်​သွားရင်​ စုံအချက်​ပြမီး ပြရမယ်​လို့ခင်​ဗျားကို ဘယ် ကညန က အ​ဖေကသင်​​ပေးလိုက်​လို့လဲ။ ကညန က ထုတ်​​ပေးထားတဲ့လိုင်​စင်​ကိုင်​ထားတာကွတဲ့... ယူကြည့်​လိုက်​​တော့ (ခ)​​တောင်​ မ​နေ့တ​နေ့ကမှရထားတာ။ အပို​တေမ​ပြောဘူးလို့ လိုင်​စင်အ​ရောင်​သာကြည့်​လို့​ ​ပြောလိုက်​​တော့ ကိုယ်ကိုင်ထားတဲ့ ​​အနီ​တောင်​ သူ့ထက်​မြင့်​လို့မြင့်​မှန်းမသိရှာဘူး။ စိတ်​မရှည်​လို့ ယာဉ်​ထိန်း​လာမှ ရှင်းမယ်​​ပြောလိုက်​​တော့ နည်းနည်းလန့်​သွားရှာတယ်​။ ​ဘေးက အနီကိုင်​ထားတဲ့ ကားဆရာ​တစ်​​ယောက်​ ​ရောက်​လာမှ အသံတိတ်​သွားတယ်​။ ကားကြီး​မောင်းတဲ့သူ​တွေရဲ့ စိတ်​ဓာတ်​ကို​တော့ ​လေးစားတယ်​ဗျာ။ တစ်​ခွန်းပဲ​ပြောလိုက်​တယ်​ ယာဉ်​ကြီးယာဉ်​ငယ်​လာမ​ပြောနဲ့တဲ့ မှားတဲ့​ကောင်​ခံတဲ့​ခေတ်​​ရောက်​ပီတဲ့။ မီးခြစ်​ဗူးခွံ​လောက်​ကား​လေး​မောင်းပီး အနီကိုင်​ထားတဲ့​ကောင်​​တေကိုမဖြဲနဲ့တဲ့ မင်းသာမိ​ကောင်းဖခင်​သားသမီးဆိုရင်​ မင်းထက်​ဝါကြီးတဲ့ ဒီညီ​လေးကိုထိုင်​ကန်​​တော့လို့ရတယ်​တဲ့။
( ကိုယ်​နဲ့မဆိုင်​​ပေမယ့်​ ဝင်​​ရှင်း​ပေးတဲ့ ၁၂ဘီးသမား အစ်​ကိုကြီးကို ​လေးစားလို့ပါ )

ကားကြီးသမားတွေ့ကိုလေးစားတယ် | Ecency