အရေးကြီးသတင်း !! Red Alert Warning !!

kyawsantun(56)
Published in
#flu
Words
232
Reading
2 min
Listen
Play
9y

အရေးကြီးသတင်း !! Red Alert Warning !!
အများသိအောင် ရှယ်ပေးကြပါ။ သတိထားကြပါ။

image

image

image

မြန်မာနိုင်ငံကျန်းမာရေး အရေးပေါ်အခြေအနေ ရောက်ရှိလာပါပြီ။ အစိုးရအနေနဲ့ အရေးကြီးတဲ့ ရောဂါထိန်းချုပ်ရေးတွေ လုပ်ဖို့ လိုအပ်လာပါပြီ။ အခု အခြေအနေဟာ ရာသီတုပ်ကွေး မဟုတ်တော့ပါဘူး။

ပထမဆုံး စတင်တွေ့ရှိခဲ့တာက H1N1 ဖြစ်ပါတယ်။ နောက်ထပ်ပြီး တွေ့ရှိလာတာက H3N2 ။ အခု နောက်ဆုံး တွေ့ရှိမှုက တနင်္သာရီမှာ H5N1 ဖြစ်ပါတယ်။
Flu ဟာ ပိုးအမျိုးအစား တမျိုးတည်းဆိုရင် မစိုးရိမ်ရပေမယ့် အခု ၃ မျိုး အထိ တွေ့ရှိလာမှုကြောင့် အန္တရာယ်ဇုံထဲ ဝင်သွားပါပြီ။ ဒီ ၃ မျိုးသာ Mutation ဖြစ် ရောစပ်ပြီး ပိုးအသစ်ထွက်လာခဲ့ရင် ဘယ်လိုမှ ထိန်းချုပ်လို့ မရနိုင်အောင် ဖြစ်သွားနိုင်ပါတယ်။

Flu ဟာ လေလမ်းကြောင်း အသက်ရှူလမ်းကြောင်းက ကူးစက်တာ ဖြစ်ပါတယ်။ ကူးစက်နှုန်းအလွန်မြန်ပါတယ်။ ရောဂါပိုး တွေ့ရှိလူနာ တစ်ယောက်ရဲ့ ပတ်ဝန်းကျင် သူ ဖြတ်သန်းလာခဲ့ရာ နေရာအားလုံး ရောဂါပိုး ပြန့်နှံ့ပြီး ဖြစ်နေပါပြီ။

လူနာနဲ့ ထိတွေဆက်ဆံပြောဆိုခဲ့သူ အားလုံးလောက်နည်းနည်း ကူးစက်ခဲ့ပြီး ဖြစ်ပါတယ်။ ရောဂါရှိသူရဲ့ ချောင်းဆိုးခြင်း နှာချေခြင်းတို့ငြောင့် ပြင်ပရောက်လာတဲ့ ပိုးဟာ နေရောင်ခြည်ရတဲ့ နေရာမှာ နာရီအနည်းငယ် နေနိုင်ပြီး အရိပ်အခန်းတွင်းမှာဆိုရင် တနေကုန် ၂၄ နာရီ အထိ ကူးစကါနိုင်ချေရှိနေပါတယ်။ ပြင်ပရာသီဥတုဟာ စွပ်စိုနေမယ်ဆိုရင် အချိန်ပိုကြာနေနိုင်ပါတယ်။
အခုတွေ့ရှိနေရတဲ့ Flu virus အားလုံးဟာ Flu type A တွေ ဖြစ်ကြပါတယ်။

ဒီအုပ်စုဟာ ပေါင်းစပ်လွယ်ပြီး ပိုမိုပြင်းထန်တဲ့ ပိုးအသစ်ပေါ်လာမှာ အစိုးရိမ်ရဆုံး အခြေအနေ ဖြစိပါတယ်။
ရန်ကုန် ပုသိမ် ထားဝယ် မကွေး ပဲခူး ဆိုတော့ နေရာတော်တော် စိပ်လာပါပြီ။

အထူးသဖြင့် ရန်ကုန်ဧရိယာမှာ H1N1 နဲ့ H3N2 ဆိုပြီး၂ မျိုးတွေ့နေရခြင်းက ပိုပြီး အန္တရာယ်နဲ့ နီးနေကြောင်း ပြနေပါတယ်။ ထားဝယ်မှာတွေ့ရတဲ့ H5N1 သာ ရန်ကုန်ကို ရောက်လာခဲ့ရင် အရေးပေါ် အခြေအနေ ကြေညာရသည်အထိ ဖြစ်သွားနိုင်ပါတယ်။ ဂရုပြုကြပါ။ ရန်ကုန်မှ ထားဝယ်ဒေသသို့ ခရီးသွားမှု ထားဝယ်ဒေသမှ ရန်ကုန်သို့ ခရီးသွားမှုများ ဖြစ်နိုင်လျှင် ရှောင်ကြဉ်ပေးကြပါ။ ဘယ်လိုမှ မတတ်သာလို့ ခရီးသွားရမည်ဆိုလျှင် မိမိရောက်ရှိတဲ့ နယ်မြေသစ်က Public area မှာ Mask လုံးဝ မဖြုတ်ကြပါနဲ့။

ကျွန်တော်ဆိုလိုချင်တာက ထားဝယ်က ပြည်သူတွေ ရန်ကုန် လာရင် ရန်ကုန်က Public area မှာ Mask လုံးဝ မဖြုတ်ကြပါနဲ့။

ဒီလိုပဲ ရန်ကုန်က ပြည်သူတွေ ထားဝယ်ဒေသကို ခရီးသွားရလျှင် ထားဝယ်ဒေသက Public area မှာ Mask လုံးဝ မဖြုတ်ကြပါနဲ့။ ဒီလို လိုက်နာဆောင်ရွက်မှသာ Ful virus ပိုး ၂ မျိုး ဖြစ်တဲ့ H1N1 နှင့် H5N1 တို့ Mutation ဖြစ်မှုကို တားဆီးနိုင်ပါလိမ့်မယ်။ ရန်ကုန်ဒေသတွင်းမှာကိုပဲ Mutation ဖြစ်ပေါ်ဖို့ အလားအလာ ရှိနေပါတယ်။ အခု ရန်ကုန်မှာ H1N1 နဲ့ H3N2 တို့ ကူးစက်ပြန့်နှံ့နေပါတယ်။

ပြည်သူအားလုံး ကျန်းမာကြပါစေ။ Mask နှာခေါင်းပါးစပ်အုပ်ကို Public area မှာ မပျက်မကွက် တပ်ဆင်ကြခြင်းအားဖြင့် Virus မျိုးအသစ်ပေါ်မလာရေး ကူညီပေးကြပါလို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

ဒေါက်တာကျော်ဆွေ
From DATA Doctor Facebook Page
https://facebook.com/DataCompanyMyanmar/albums/1866492193678544/

အရေးကြီးသတင်း !! Red Alert Warning !! | Ecency