Step 10 stock

Words
232
Reading
2 min
Listen
Play
8y

#စတော့အကြောင်းသိကောင်းစရာ
#အပိုင်း_၁၀

#ကုမ္ပဏီကောင်းကောင်းဆိုတာ
#ဘယ်လိုသိမှာတုန်း?

တကယ်ကတော့ အများကြီးပြောစရာရှိတဲ့ခေါင်းစဉ်ပါ။ ဒါပေမဲ့လည်း ကကြီး ခခွေးလေးတော့ ပိုင်အောင်ပဲအရင် ပြောပြလိုက်ပါမယ်။
ကျွန်တော်အရှေ့ပိုင်းမှာ ပြောပြပေးခဲ့သလိုပါပဲ။ စတော့မှာရင်းနှီးမြှုပ်နှံတယ်ဆိုတာကို ကောင်းကောင်းကြီးနားလည်ဖို့လိုပါတယ်။ အင်း ကုမ္ပဏီကောင်းဆိုတော့ ဘာကိုများတန်းမြင်ကြမှာမလဲလေ..?

   အင်းပေါ့...မှန်ပါတယ်။ အမြတ်ကောင်းကောင်းရတဲ့ကုမ္ပဏီဟာ ကုမ္ပဏီကောင်းပေါ့ဗျ။ ဟော မောင်ယုတော့ ဒါများထူးကြီးဆန်းကြီး လုပ်ပြီးပြောနေတာ ကျွန်တော့် တူလေးကိုသွားမေးလို့တောင်ရတယ်ဗျ ဆိုရင်တော့လည်း ဟီ ဟုတ်ပါတယ်ပေါ့ဗျာ။ နေပါဦးဗျ နေပါဦး စိတ်မလောပါနဲ့ ဦး မောင်ယု ပြောပြမယ်လေ... 
        မောင်ယုပြောပါတယ်ဆိုမှတော့ အဲ့လောက်မရှင်းတာကိုဗျ။ ဦးဆုံးအနေနဲ့ကတော့ #အမြတ်profit နော် #ဝင်ငွေIncome မဟုတ်ဘူး စာရင်းရှင်းတမ်း annual report  ကြည့်တဲ့အခါ

Profit ဆိုတာလေးရှာကြည့်ရတယ်။ အဘယ်ခုနှစ်မှသည် အဘယ်ခုနှစ် ဘဏ္ဍာနှစ်တွင် အဘယ်၍အဘယ်မျှ မြတ်သည်ပေါ့နော်...ဒါက တစ်ခု
ဟိုး... မပြီးသေးဘူးဗျ။ ကျွန်တော့်စာဖတ်ပရိသတ်တွေကို ဒီ့ထက်ပို အသုံးဝင်တဲ့ လှို့ဝှက်ချက်လေးပေးလိုက်မယ်။ ဘယ်သူမှမပြောနဲ့နော်...😂
နာမည်လေးက EPS တဲ့ "Earning Per Share " ကို အတိုရေးထားတာ စတော့တစ်ခုအတွက် ဘယ်လောက်ဝင်ငွေရလဲပေါ့... Dividend နဲ့မတူသေးဘူးနော် (အပိုင်း ၄ မှာ EPS နဲ့ Dividend ကိုခွဲခြားပြထားပါတယ်။ )
ဘာများကွာလို့တုန်းကိုယုမောင်ရယ်... ကွာပါတယ် ဆိုပါစို့ အတန်းထဲကဆရာက ကျောင်းသား ၁၅ ယောက်ကို မုန့်ဖိုးဆိုပြီး ၅၀၀၀၀ ပေးလိုက်တယ်ထား ဒီကစာဖတ်ပရိတ်သတ်ကြီးဆိုရင်ကော ဘာလုပ်မလဲ

  ၅၀၀၀၀ ဆိုတဲ့ ဂဏန်းကြီးက ကန့်လန့်ကြီးရယ် အစိတ်သားလိုပဲ 😜( ဈေးက ဒေါ်ပုကြီးလေသံဖြစ်) ပိုဝယ်သွားဖို့ပြောတာပါ။  😅

ထားပါလေ ၅၀၀၀၀ ဆိုတာ ကိုယ်မပိုင် မစားရအညှော်ခံဆိုသလိုများ ဖြစ်နေမလားလေ
၁၅ နဲ့ စားချလိုက်မှ သာလျှင် တစ်ယောက်စီ အတွက် ၃၃၃၃ ကျပ်ဆိုတာလေး ရသွားတာပေါ့။ ကိုဘယ်လောက်ရလည်း တိတိကျကျ သုံးလို့သိလို့ရတာပေါ့ဗျာ...နောက်ပြီး ဒီ ၅၀၀၀၀ ကိုသာ အယောက် ၂၀ ကိုပေးခဲ့ရင်ရော? စဉ်းစားကြည့်နော်

  ဒီ EPS ဂဏန်းက အရမ်းအရေးကြီးပါတယ်။ ကုမ္ပဏီတစ်ခု ကောင်းမကောင်း စစ်ဆေးဖို့ သတ်မှတ်ဖို့အသုံးပြုကြသလို စတော့တစ်ခုဝယ်တော့မယ်ဆိုရင်လည်း ထည့်သွင်းစဉ်းစားကြပါတယ်
  EPS ကိုလိုချင်ရင် ကုမ္ပဏီရဲ့ ဝင်ငွေ Earnings ကို တည်ပြီး ဈေးကွက်ထဲမှာရှိနေတဲ့ စတော့အရေအတွက်နဲ့ ပြန်စားလိုက်ရင် ရပါပြီ။

   ရင်းနှီးမြှုပ်နှံသူတွေက ဝင်ငွေ Earning ကြီး သီးသန့်ထက် EPS အချိုးကို ပိုစိတ်ဝင်စားကြတယ်။ ခုဏကပြောသလိုမျိုး ပေါ့ ၂၀ ယောက်သာ ဖြစ်သွားခဲ့ရင် ဆိုတာမျိုး တကယ့်လက်တွေ့မှ ၂၀ မကဘူးဗျ သောင်းချီတာ စဉ်းစားသာကြည့်ပေတော့ဗျို့။ ဘာနဲ့ သွားတူလည်းဆိုတော့ ကော်ဖီတစ်ခွက် ကိုရေရောချလိုက်သလိုမျိုး ။ ကော်ဖီခါးခါးထက်ထက်  တစ်ခွက်သောက်ရတာနဲ့ ရေကျဲကျဲ တစ်ခွက် သောက်ရတာက ဘယ်ဟာက ပို အရသာရှိမလဲဗျာ။ ကုမ္ပဏီကသာ ရှယ်ယာ အရေအတွက် ထပ်တိုးလိုက်ရင် အလှူမှာ လက်ဖက်ရည် ရေရောတိုက်လိုက်သလိုမျိုး ဖြစ်သွားလေ မလားလေ,...?

ဘာလိုလိုနဲ့ အပိုင်းတောင် ၁၀ လာပြီနော်..
အပိုင်း ၁၁ ရောက်ရင် စတော့ကောင်းတစ်ခုကို ခွဲခြားသတ်မှတ် တတ်လာအောင် ကျွန်တော် ပြောပြပေးသွားမှာပါ...ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်များလည်း စတော့မှာ ရင်းနှီးမြှုပ်နှံခြင်းမပြုခင် မှန်ကန်သင့်လျောတဲ့ ဆုံးဖြတ်ချက်တွေပြုနိုင်ပါစေဗျာ

ကျန်အပိုင်းများကို မဖတ်ရသေးသော စာဖတ်ပရိတ်သတ်များ #သူ့စိတ်ကူး Page လေးမှာ ဖတ်ရှုနိုင်ပါတယ်။
အခု အောက်မှာပေးထားတဲ့ link လေးကိုနှိပ်ပြီး သူ့စိတ်ကူး page လေးကို like ပြီးရင် See First လုပ်ထားပါ ... တော်ကြာကျွန်တော်တင်တဲ့အခါ သင်ခန်းစာလေးတွေ လွတ်သွားမှာစိုးလို့ပါ.,.141016-stockmarket-stock-816x427.jpg

Step 10 stock | Ecency