လူတယောက်ဟာ
လက်ရှိအလုပ်ကို လုံးဝမပျော်ဘူး။ နေရာအသစ်မှာလည်း
မလုပ်ချင်ဘူး။ ဝန်ထမ်းဖြစ်နေတယ်။ စိတ်ဓါတ်ကျလာတယ်။ အဆိုးဆုံးတွေ တွေးလာတယ်။ ရွေးချယ်စရာမရှိဘူး။
ဘာစိတ်ခွန်အားမှ မရှိတော့ဘူး။
0 level ။။
ဘယ်တက်ကျမ်း
ဘယ် စကားလုံးအဆိုအမိန့်ကမှ
မကယ်နိုင်တော့ဘူး။
အားလုံးကို အရှုံးပေးတော့မယ်ဆိုတဲ့
အချိန်မှာ ဘာလုပ်သင့်လဲ??
** ဘာပြုလို့ ရွေးချယ်စရာ မရှိဘူးလို့ ပြောရတာလဲ။
= ဘဝမှာ ဒါ ဒုတိယ အကြိမ်။ ပထမ ပြင်ပကုမ္ပဏီမှာ တာဝန်ခံရာထူးကနေ ထွက်ခဲ့တယ်။ အဲဒီတုန်းက
မိသားစုမရှိသေးတော့ ရဲရဲဆုံးဖြတ်လွယ်တာပေါ့။ အခုမိသားစုရှိတော့ ခက်နေတာ။
** သတ္တိရှိရှိ အလုပ်ထွက်လိုက်ပြီးတော့ ကိုယ်ပိုင်အလုပ် သေးသေးလေးကနေ စလုပ်ကြည့်ပါလား။ ဒုက္ခရောက်လည်း ခဏပေါ့။ စိတ်ဆင်းရဲနေတာ အဆိုးဆုံးပဲ။ Energy မရှိတာ ခံရဆုံးပဲ။
= ဟုတ်တယ်။ မိသားစုက သဘောမတူဘူးဆိုရင်။
** ကိုယ်မှာ ဒီလောက် မပျော်မရွှင်ဖြစ်နေတာ စိတ်ဆင်းရဲနေတာ စိတ်အင်အားမရှိ စိတ်ဓာတ်ကျနေတာ သူတို့ မြင်နေရတာပဲ မဟုတ်လား။ စိတ်ချမ်းသာဖို့ အရေးမကြီးရင် ဘာအရေးကြီးနေလဲ။
= ဘဝ ဆိုတာကလဲ
အရည်အချင်းရယ်
capital အရင်းနှီးရယ်ရှိမှနော်။
** တော်ရုံသင့်ရုံလောက် ချမ်းသာဖို့ဟာ အရည်အချင်း အနည်းငယ် အရင်းအနှီး အနည်းငယ် ရှိရင်ကို ရပါပြီ။
တချို့ ဘာအတန်းပညာမှ မတတ် ဘာနောက်ခံအသိုင်းအဝိုင်းမှ မရှိ ပိုက်ဆံလည်း တပြားမှ မရှိပဲနဲ့ ဒီလိုပဲ တဖြေးဖြေးကြိုးစားသွားကြတာ ချမ်းသာတယ်လို့ ပြောရတဲ့အဆင့်ထိ ရောက်ကြပါတယ်။ ဒီလိုလူတွေ အများကြီးပါ။
ခုဆို ကိုယ့်မှာ အရည်အချင်းတွေ အများကြီး စုမိစောင်းမိ ရှိနေပြီ။ မိတ်ကောင်းဆွေကောင်းတွေလည်း အများကြီး ရှိနေလောက်ပါပြီ။ လောကကြီးကို ကြောက်ရွံ့နေတဲ့ အရွယ်လည်း မဟုတ်တော့ဘူး။ ကိုယ့်စိတ်နဲ့ကိုက်ညီတဲ့ အလုပ်တစ်ခုခု စလုပ်လို့ ရပြီ ဒီလောက်ဆို။
ဘယ်နေရာမှာမဆို စိတ်ညစ်စရာတွေတော့ ကြုံရအုံးမှာပါပဲ။ ကြုံလည်း စိတ်ညစ်စရာကို ပြေလည်အောင် ဖြေရှင်းရတာ ပျော်နေမှပဲ ရပါတယ်။ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် လုပ်လိုက်မယ်။ တစ်နေ့တခြား တိုးတက်နေအောင် စဉ်းစားစဉ်းစားပြီး လုပ်သွားမယ်လေ။
ဝန်ထမ်းအလုပ်က တာရှည် မလုပ်တာ ကောင်းပါတယ်။ ကြာလာရင် အတွေးအခေါ်တွေ တိမ်လာတယ်။ အစွမ်းအစတွေ တုံးလာတယ်။ အဲလိုနဲ့ သတ္တိတွေ ကြောင်ကုန်တယ်။
တကယ်ပဲ အဆိုးဆုံးတွေ တွေးလာတဲ့အထိ အလုပ်မှာမပျော်ဘူး ဆိုရင် CHANGE ကို သတ္တိရှိရှိ လုပ်လိုက်ပါ။ ဒီအချိန်ဟာ အောင်မြင်မှုဆီ ရောက်ဖို့ ကိုယ့်ဘဝရဲ့ အချိန်ကိုက် ဖြစ်ရင်ဖြစ်နေမယ်။
မိသားစုက ကိုယ့်ကို တကယ်ချစ်ရင် နားလည်ပေးမယ်လို့ပဲ ထင်ပါတယ်။
ခုလောလောဆယ် စိတ်ကို ချမ်းသာအောင်ထားပါနော်။ ဘယ်လိုဖြစ်ဖြစ် ကိုယ့်စိတ်ကိုယ်တော့ အေးချမ်းအောင် ထားပါ။ ပျော်ပျော်ရွှင်ရွှင် ပုံမျိုးနဲ့ပဲ နေပါ။ negativeတွေ အဆိုးတွေ လျှောက်မတွေးပါနဲ့။ တွေးမိတယ် ဆိုရင်လည်း အပြစ်မတင်ပါနဲ့။ သတိနဲ့ ကိုယ့်စိတ်ကိုယ် သိနေပါ။ အကြိမ်တစ်ထောင် တွေးမှန်းသိရင် အကြိမ်တစ်ထောင် စိတ်ကို သတိကပ်ပြီးသား ဖြစ်ပါတယ်။
စိတ်ကို တစ်နည်းနည်းနဲ့ positive ဖြစ်နေဖို့တော့ အထူးစောင့်ရှောက်ဖို့ လိုပါတယ်။
ကောင်းတာတွေ လုပ်ပါ။ ကောင်းတာတွေ တွေးပါ။ ကောင်းတာတွေ ဖြစ်လာမယ်လို့ပဲ မျှော်လင့်ပါ။
အဆင်ပြေလို့ စိတ်ချမ်းသာတာလား။ စိတ်ချမ်းသာလို့ အဆင်ပြေတာလား။ ဘယ်ဟာက အရင် ဖြစ်မယ်ထင်လဲ။
ဘာကြီးဖြစ်နေနေ စိတ်အေးချမ်းအောင် နေပါ။ စိတ်က အေးချမ်းပြီး ယောက်ယပ်ခပ်မနေဖို့က ပထမဦးဆုံး လိုရင်း အရေးကြီးဆုံးပါ။
""စိတ်ချမ်းသာနေတဲ့သူဆီကို ကံကောင်းခြင်းတွေက ပိုပိုပြီး ဆိုက်ရောက်လာတတ်တယ်။""